မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်ကို ရှောင်းရာမှာ အရှိန်မထိန်းနိုင်လို့ ခရီးသည်တင်ကား တိမ်းမှောက်မှုဖြစ်

မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်ကို ရှောင်းရာမှာ အရှိန်မထိန်းနိုင်လို့ ခရီးသည်တင်ကား တိမ်းမှောက်မှုဖြစ်

 




ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အထွက် မယ်ယန်းစုပေါင်းဂိတ်အကျော်မှာ မျက်နှာချင်းဆိုင်ကလာတဲ့ ဆိုင်ကယ်ကို ရှောင်တိမ်းရာ အရှိန်မထိန်းနိုင်လို့ ခရီးသည်တင်ယာဉ်တစီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။


ဒီနေ့မနက်ပိုင်းက ရန်ကုန်-တာချီလိတ် ခရီးစဉ်ကိုပြေးဆွဲနေတဲ့ ခရီသည်တင် ကားတစီး တိမ်းမှောက်ခဲ့တာလို့သိရပါတယ်။


"ဆိုင်ကယ်ရှောင်တာ အရှိန်မထိန်းနိုင်လို့ မှောက်သွားတာ။ ခရီးသည် အမျိုးသားတဦးနဲ့အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရသွားလို့ ဆေးရုံပို့ထားပါတယ်"လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ သူတဦးကပြောပါတယ်။


ယာဉ်တိမ်းမှောက်ရာနေရာကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ လူမှုကူညီကယ်ဆယ်ရေးအသင့်တွေဖြစ်တဲ့ ရွှေမယ်ယန်းပရတိတအသင်းနဲ့ ဦးလှမိုးပရဟိတအသင်းတို့က ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။