ဆားလင်းကြီးက ရဲတပ်သားတဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာ

ဆားလင်းကြီးက ရဲတပ်သားတဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာ



စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားတဦး လက်နက်နဲ့တကွအလင်းဝင်ရောက်လာတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၂၆ရက်နေ့က မြို့မရဲစခန်းမှ ရဲတပ်သားထူးကောင်းဆက်ကG3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခု ကိုယူဆောင် ပြီး ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်း တပ်ခွဲ ၄ Salingyi Revolution Eagles တပ်ဖွဲ့ထံသို့ အ လင်းဝင်ရောက်လာတာလို့သိရပါတယ်။

အမြင်မှန်ရပြီး အခုလို လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ ရဲတပ်သားကို ယင်းမာပင်ခရိုင် အမှတ် ၁၆ တပ်ရင်းကဆုငွေကျပ်သိန်း ၁၀၀ ချီးမြှင့်ပြီး လုံခြုံဘေးကင်းတဲ့နေရာကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

ပြည်သူ့ဘက်ကို ခိုလှုံလာကြတဲ့ CDMသူရဲကောင်းတွေကို မိဘပြည်သူတွေက တက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြဖို့ အမှတ် ၁၆ တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။