ကချင်မှာဖမ်းမိထားတဲ့တပ်ရင်းမှူး ယခင်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီလို့သိရ

ကချင်မှာဖမ်းမိထားတဲ့တပ်ရင်းမှူး ယခင်ဒဏ်ရာတွေနဲ့ သေဆုံးသွားပြီလို့သိရ



ကချင်ပြည်နယ်၊ မချမ်းဘောမြို့အခြေစိုက် ခလရ(၁၃၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းကို ဒဏ်ရာတွေနဲ့ဖမ်းမိထားရာကနေ ရရှိဒဏ်ရာတွေကြောင့်သေဆုံးသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

မနေ့က ဒဏ်ရာတွေနဲ့ ဖမ်းမိထားတဲ့ မချမ်းဘောမြို့အခြေစိုက် ခလရ(၁၃၇)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးချမ်းဇေဟိန်းအား ဆေးကုသပေးနေစဉ်မှာ သေဆုံးသွားတာလို့သိရပါတယ်။

"ဖမ်းမိတဲ့အချိန်မှာကို ဒဏ်ရာတွေနဲ့ဗျ။ ဒီဘက်က သေချာဆေးဝါးကုသပေးပေမယ့် မရတော့ဘူး ဆုံးသွားပြီ"လို့ကချင့်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

ခလရ ၁၃၇တိုက်ခိုက်ခံရလို့ ဆွမ်ပရာဘွမ်မြို့ ခလရ ၄၆ကိုသွားရောက်တိမ်းရှောင်ပူးပေါင်းနေတာကို KIA၊ KPDF နဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPF)တို့ကပူးပေါင်းတိုက်ခိုက်ခံရပြီး ဒီတပ်ရင်းမှူးက ထပ်မံထွက်ပြေးနေတာကနေ ဒဏ်ရာတွေနဲ့ဖမ်းမိပြီး အခုလိုသေဆုံးသွားတာလို့သိရပါတယ်။

လက်ရှိအချိန်မှာ ကချင့်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင်တွေ ထွက်ပြေးနေကြရပြီး ထွက်ပြေးနေတဲ့ စစ်အုပ်စုနောက်ကို လိုက်လှန်ရှင်းလင်းနေတယ်လို့သိရပါတယ်။