ရက်သားကလေးလေးတွေ နှာခေါင်းပိတ်လို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မေမေတွေအတွက်

ရက်သားကလေးလေးတွေ နှာခေါင်းပိတ်လို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ မေမေတွေအတွက်


မေမေတို့ရေ ရက်သားကလေးလေးတွေမှာ နှာခေါင်းပိတ်လို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိဘဲ စိတ်ညစ်မနေနဲ့တော့နော်။ မွေးခါစရက်သားကလေးလေးတွေမှာ နှာခေါင်းပိတ်မယ်ဆိုရင် နို့စို့ရလည်းခက်ပြီး ကလေးလေးတွေလည်း ဒုက္ခရောက်၊ မေမေတိုကလည်း စိတ်ညစ်ရတယ်မဟုတ်လား။ နည်းလမ်းလေးပြောပြပေးမယ်နော်။ အရမ်းလည်းခက်ခက်ခဲခဲမဟုတ်ဘဲ အလွယ်တကူလုပ်ပေးလို့ရတဲ့ အိမ်တွင်းဆေးဝါးလေးပေါ့။



မေမေတို့ရေ ဘေဘီလေးတွေ နှာခေါင်းပိတ်နေမယ်ဆိုရင် နှာခေါင်းထဲကို ဆားရည်လေးကို အစက်ချပေးရမှာပါ။ တစ်ဖက်ကိုတစ်စက်စီနဲ့ နို့မစို့ခင်အချိန်လေးတိုင်းမှာ ထည့်ပေးဖို့လိုပါတယ်။ ဆားရည်လေး ပြုလုပ်ဖို့ကတော့ ရေသန့်လေးတစ်ခွက်၊ ဆားသန့်သန့်လေး လက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ဖျော်ရမှာပါ။ ပြီးရင်တော့ စက္ကူကတော့လေးလုပ်ပြီး တိတ်ကလေးနဲ့ နှာရည်ချူလို့လည်းရနိုင်ပါတယ်နော်။




မေမေတို့ရေ နောက်ပြီး အားမပြင်းတဲ့ နှာစုပ်တဲ့ပစ္စည်းလေးတွေကိုလည်း မေးမြန်းဝယ်ယူပြီး ကလေးလေးတွေအတွက် အဆင်ပြေအောင်ပြုလုပ်ပေးလို့လည်း ရနိုင်ပါသေးတယ်။ အဲ့ဒီလိုစုပ်ရင်တော့သတိတော့ထားပေးပါနော်။ ကလေးလေးကငယ်သေးတာမို့လို့ လူကြီးအားနဲ့ အားပြင်းပြင်းတော့ မလုပ်မိဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ မွေးစကလေးတွေအတွက် ချွဲကုန်အောင်ဆိုပြီး အားပြင်းပြင်းနဲ့စုပ်ထုတ်မယ်ဆိုရင် ကလေးလေးတွေအတွက် အန္တရာယ်များတာမို့လို့ပါ။

(မေးလိုရာမေး မေ့ရင်သွေးမှကောက်နုတ်ချက်)

မေမေတို့ရေ ဘေဘီလေးတွေရဲ့အဆင်မပြေမှုတွေအတွက် စိတ်မညစ်နဲ့တော့နော်။ ကျားလေးက မေမေတို့အတွက် အမြဲတမ်းအကူအညီပေးနေမှာပါ။ မေမေနဲ့ ဘေဘီလေးတွေအားလုံး ကျန်းမာရွှင်လန်းကြပါစေနော်။