စစ်မှုထမ်း ဥပဒေတွင် ကိုယ်ဝန်ဆောင်များ၏ ခင်ပွန်း ယောက်ကျ်ား များ ပါ မပါ

စစ်မှုထမ်း ဥပဒေတွင် ကိုယ်ဝန်ဆောင်များ၏ ခင်ပွန်း ယောက်ကျ်ား များ ပါ မပါ



စစ်မှုထမ်း ဥပဒေတွင် ကိုယ်ဝန်ဆောင်များ၏ ခင်ပွန်း ယောက်ကျ်ား များ ပါ မပါ 

...........................


စစ်ကောင်စီအစိုးရက ၂၀၀၈ ဥပဒေကို အသက်သွင်းပြီး စစ်မှုထမ်းဥပဒေကို လတ်တလော ပြဌာန်းလိုက်သဖြင့် မြန်မာနိုင်ငံ အတွင်း လူအများကြား ပွတ်လောရိုက် ကုန်ကြပါတယ်။



လတ်တလော တွင် အဆိုပါဥပဒေကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ပါသည်။အဆိုပါ ဥပဒေတွင် ရဟန်းများ ချွတ်ယွင်းချက်ရှိသူများ ကိုသာ ပယ်ထားပါသည်။သို့သော် အခု စစ်ကောင်စီအစိုးရမှာ ဥပဒေအရ မိန်းကလေးများ စစ်မှုထမ်းရမည်ဖြစ်သော်လည်း မိန်းကလေးများကို လုံးဝမခေါ်သည်ကို တွေ့ရပါသည်။



လက်ရှိအချိန်တွင် အသက် ၁၈ နှစ်ပြည့်သူများစာရင်းတွင်ပါဝင်နေကြပြီး ၂၄ နှစ် ၂၅ နှစ်များလည်းပါဝင်နေပါသည်။တစ်ချို့မှာ နိုင်ငံခြားရောက်သွားကြသည့်သူများလည်းပါဝင်နေပါသည်။အဆိုပါသူများကို လည်း ခေါ်ယူရန် စစ်ကောင်စီကစီစဥ်နေပြီး အဆိုပါသူများနှင့်ကပ်ကြပါက ငွေပေးပြီး ကင်းလွတ်ကြသည်များလည်းရှိပါသည်။



ယခုအချိန်တွင် ကိုယ်ဝန်ဆောင်မေမေများ၏ ခင်ပွန်းနာမည်များပါ ပါဝင်နေသဖြင့် မေမေများမှာ စိုးရိမ်ထိမ့်လန့်နေပါသည်။ အဆိုပါ ဥပဒေအရဆိုလျှင် ကိုယ်ဝန်ဆောင်မေမေတို့၏ ခင်ပွန်းတို့သည်လည်း စစ်မှုထမ်းရပါမည်။အကြုံးဝင်ပါသည်။ သို့သော် လျော့ပေါ့ခွင့်နှင့် အကြောင်းပြခွင့် ရှိပါသည်။ အချိန် နောက်ဆုတ် အစားထိုးခွင့်ရှိပါသည်။