ကလေးတွေကို ဆေးတိုက်တော့မယ်ဆိုရင် မေမေတို့ သိထားသင့်တဲ့ မေးခွန်းလေးတွေ...

ကလေးတွေကို ဆေးတိုက်တော့မယ်ဆိုရင် မေမေတို့ သိထားသင့်တဲ့ မေးခွန်းလေးတွေ...



မေမေတို့ရေ ဘေဘီလေးတေွကိုဆေးတိုက်ဖို့အတွက် မေမေတို့ကိုယ်တိုင်ကမေးခွန်းလေးအချို့ကို သိထားဖို့လိုပါတယ်နော်။ အဲ့ဒီမေးခွန်းလေးတွေကတော့ ...
- ကလေးကိုတိုက်မယ့် ဆေးရဲ့အမည်နဲ့ စာလုံးပေါင်း
- ဘာအတွက်တိုက်ရတဲ့ ဆေးလဲ
- တစ်ကြိမ်မှာ ဆေးဘယ်လောက်တိုက်ရမှာလဲ
- ဘယ်နှစ်နာရီတစ်ခါတိုက်ရမှာလဲ
- ဆေးကို ရေခဲသေတ္တာထဲသိမ်းရမှာလား
- ဖျော်ရည်တွေနဲ့ ရောစပ်ပြီး တိုက်နိုင်သလား
- ဓာတ်မတည့်တာမျိုးဖြစ်တတ်သလား
- ဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဘာတွေဖြစ်လာနိုင်သလဲ
- အရေးတကြီးစောင့်ကြည့်ရမယ့် ဓာတ်မတည့်တဲ့ လက္ခဏာတွေ၊ ဘေးထွက်ဆိုးကျိုးတွေရှိပါသလား။
- ဆေးသောက်ပြီးရင် ဘယ်ဝေဒနာတွေ လျော့ပါးသွားမှာလဲ
- ဒီဆေးအမည်မျိုးနဲ့ ဝယ်မရခဲ့ရင် အခြားနာမည်နဲ့ အခြားကုမ္ပဏီကထုတ်တဲ့ အလားတူဆေးတွေရောရှိပါသလား။
- နို့တိုက်တဲ့အချိန်၊ အစာစားတဲ့အချိန်နဲ့ ဘယ်လောက်ခြားဖို့လိုပါသလဲ။
- ဆေးအချင်းချင်းရောဖျော်ပြီး တိုက်လို့ရပါသလား။
စတဲ့မေးခွန်းတွေကို မေမေတို့က ကြိုတင်မေးထား သိထားဖို့လိုအပ်ပါတယ်နော်။
မေမေတို့တွေအတွက် ဒီမေးခွန်းလေတွေကို ကြိုတင်သိထားပြီးပြီဆိုရင်တော့ ကလေးကို စိတ်ရှည်ရှည်လေးနဲ့ ကြိုးစားပြီးဆေးဝင်အောင်တိုက်ပေးဖို့လည်း အရေးကြီးပါတယ်နော်။

မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့ဆိုတဲ့ စာအုပ်လေးထဲမှ ကောက်နုတ်ဖော်ပြပေးထားပါတယ်ရှင်
ပျော်ရွှင်ကျန်းမာတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေ။