သန္ဓေသားလှုပ်ရှားမှု အများဆုံး ပြုလုပ်တဲ့အချိန်

သန္ဓေသားလှုပ်ရှားမှု အများဆုံး ပြုလုပ်တဲ့အချိန်

 


ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အနေနဲ့ နေ့ဘက်တွေမှာ လှုပ်လှုပ်ရှားရှားရှိဖို့ များတာကြောင့် သန္ဓေသားလှုပ်ရှားမှုကို သတိထားမိဖို့ မလွယ်ပါဘူး။ သန္ဓေသားလေးရဲ့ လှုပ်ရှားမှုကို တိတ်ဆိတ်အေးချမ်းတဲ့ ညဘက်တွေမှာသာ သတိထားမိမှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ တစ်နေ့တာ လှုပ်ရှားထားရသမျှ ကောင်းစွာအနားယူချိန်ရောက်တဲ့အခါ စိတ်အေးလက်အေးရှိပြီး သန္ဓေသား လေးရဲ့ အခြေအနေကို ပိုမိုသိရှိဖို့ အခွင့်အလမ်းများပါတယ်။

မိခင်လောင်းဟာ အချိုမုန့်တစ်ခုခု စားသုံးလိုက်တဲ့အခါ သွေးတွင်းသကြားဓာတ် ပမာဏ များပြားလာပြီး သန္ဓေသားရဲ့ လှုပ်ရှားနိုင်မှု စွမ်းအင်ကို တိုးမြှင့်ပေးပါလိမ့်မယ်။

ကိုယ်ဝန်ဆောင်မိခင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်တဲ့အခါမှာလည်း ထွက်လာတဲ့ adrenaline ကြောင့် သန္ဓေသားအပေါ် အကျိုးသက်ရောက်မှု ရှိစေပြီး လှုပ်ရှားမှု ပြုလုပ်တာကို သိနိုင်ပါတယ်။