ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ

 


ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ရောကိုယ်ပါ ကျန်းမာမှ မွေးလာမယ့် သားသားမီးမီးလေးတွေကလည်း စိတ်ရောကိုယ်ပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမယ်။ စိုးရိမ်ပူပန်စရာတွေ များမယ်ဆိုရင် မေမေ့ကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ။ ဗိုက်ထဲက ဘေဘီလေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ …… ဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။



ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ


ကိုယ်ဝန်ဆောင် မေမေ စိတ်ဖိစီးရင် ကလေးကို ဘယ်လိုထိခိုက်နိုင်လဲ ဘယ်လောက်ထိခိုက်နိုင်လဲ ဆိုတော့ မေမေ့ စိတ်ဖိစီးမှုက မွေးလာမယ့် ဘေဘီလေးအပေါ် ဘယ်လိုများ သက်ရောက်နေပါတယ်။ကိုယ်ဝန်ဆောင်ကာလမှာ မေမေ စိတ်ဖိစီးမှုကင်းတာက ဘေဘီလေးရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်ပါတယ်။ ဒီလိုပြောရတာက လေ့လာမှု တစ်ခုရဲ့ ရလဒ်ပါ။



လေ့လာမှုတစ်ခုအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှု ခံစားရမယ်ဆိုရင် ဒီစိတ်ဖိစီးမှုက ဘေဘီလေးရဲ့ ဦးနှောက်ကို ပုံဖော်ရာမှာ သက်ရောက်မှု ရှိစေတယ်ဆိုတဲ့ အချက်ပါ။


မေမေတွေမှာ စိတ်ဖိစီးတဲ့အခါ စိတ်ခံစားချက်ကို ထိခိုက်စေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတင်မကသေးဘဲ စိတ်ဖိစီးမှု ဖြစ်တဲ့အခါ ထွက်ပေါ်လာတဲ့ ဟော်မုန်းတွေကဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။



ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင် ဘေဘီလေးက အရွယ်ရောက်လာတဲ့အခါ အပြုအမူပိုင်းဆိုင်ရာနဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်စွမ်းတွေအပေါ်မှာ ထိခိုက်လာနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက စိတ်ဖိစီးတဲ့အခါ ထွက်ပေါ်လာတဲ့ ကော်တီဆော ဟော်မုန်းတွေက ဘေဘီလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ကျန်းကျန်းမာမာ မွေးဖွားဖို့ဆိုရင် မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့  အရက်၊ ကဖင်း၊ ဓာတုပစ္စည်းတွေအပါအဝင် နောက်ထပ်ရှောင်ကြဉ်ရမယ့်အရာတစ်ခုကတော့ စိတ်ဖိစီးမှုပါ။


စိတ်ဖိစီးမှုက ဘေဘီလေးကို နာတာရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရစေနိုင်သလို ဘေဘီလေးကို ဦးနှောက်ပိုင်းဆိုင်ရာ မူမမှန်မှုတွေကို ဖြစ်စေနိုင်ပါတယ်။



မေမေတွေက ခဏတဖြုတ် မဟုတ်ဘဲ နာတာရှည် စိတ်ဖိစီးမှုကို ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကိုပါ ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခုက စိတ်ဖိစီးတာက မေမေရာဘေဘီလေးကိုပါ ကိုယ်ခံအား ထိခိုက်စေနိုင်တာပါ။


ဒါကြောင့် ဘေဘီလေးကို ကိုယ်ခံအားကောင်းစေပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာလို့ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ စိတ်ဖိစီးမှုကို ကင်းအောင် နေဖို့ လိုပါမယ်။


ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ ဘာတွေ လုပ်ရမလဲ……


ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှု ကင်းစေဖို့ဆိုရင်


နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။


အာဟာရ ပြည့်ဝမျှတအောင် စားပါ။


ရေများများသောက်ပါ။


ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းပါ။


စိတ်ဖိစီးစရာ​တွေ ရှိလာရင် ယုံကြည်ရသူနဲ့ ဖွင့်ဟတိုင်ပင်ပါ။


တရားထိုင်ပါ။