ကိုယ်ဝန်ရှိစ မိခင်လောင်းတွေ ခံစားရတဲ့ဝေဒနာများနှင့် ဂရုစိုက်ရမည်များ

ကိုယ်ဝန်ရှိစ မိခင်လောင်းတွေ ခံစားရတဲ့ဝေဒနာများနှင့် ဂရုစိုက်ရမည်များ



ကိုယ်ဝန်ရှိစ မိခင်လောင်းတွေ ခံစားရတဲ့ဝေဒနာများနှင့် ဂရုစိုက်ရမည်များ

.........



မေမေတို့ရေ ကိုယ်ဝန်ရှိစ ၂ ပတ် ၃ ပတ်လောက်မှာ မိခင်လောင်းတစ်ယောက်အတွက် ဘယ်လိုဝေဒနာတွေကို ခံစားကြရတတ်တယ်ဆိုတာကို ကျားလေးက မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ရှိစရာသီထိန်ပြီဆိုတာနဲ့ ဗိုက်ကြီးနာစွဲတယ်လို့ခေါ်တဲ့ မအီမသာဖြစ်တာ၊ အနံ့မခံနိုင်တာ၊ တံတွေးခဏခဏထွေးရတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ခြေလက်တွေ မသယ်ချင်တာ၊ လဲလျောင်းနေချင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်နော်။



အခုလိုဖြစ်တတ်တဲ့ လက္ခဏာတွေကို Morning Sickness လို့ခေါ်ကြပေမယ့် တချို့မိခင်လောင်းတွေကတော့ ညနေခင်းပိုင်းတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ရှိစ မိခင်လောင်းတွေမှာ လေပွတာ၊ ဝမ်းချုပ်တာတွေဖြစ်တတ်သလို ဗိုက်တင်းပြီး နေရထိုင်ရခက်နေတတ်တာမျိုးတွေလည်း ဖြစ်ပေါ်တတ်ပါတယ်နော်။ ကိုယ်ဝန်ကြောင့် ခံတွင်းပျက်ပြီး မစားချင်ဖြစ်နေရာကနေ အစာမစားတာကြောင့် ဗိုက်အောင့်တတ်ပါသေးတယ်။ ဆီးမကြာခဏသွားတတ်ပြီး အဖြူဆင်းတာလည်း များလာတတ်ပါတယ်နော်။



တချို့မိခင်လောင်းတွေကတော့ ချဉ်ခြင်းတပ်တတ်ပြီး တစ်ခုခုကို စွဲစွဲလန်းလန်းနဲ့စားချင်နေတတ်ပါတယ်။ ရင်သားတွေတင်းတာ၊ နို့သီးခေါင်းတွေကြိမ်းတာတွေလည်း ဖြစ်ပေါ်တတ်ပါသေးတယ်။ တစ်ခါတစ်လေမှာ အသားတွေပူလာတတ်တာကြောင့် ဖျားတယ်လို့အထင်ရတတ်ပါတယ်။ ကိုယ်ဝန်ရှိစမေမေတွေအားလုံးလိုလို ဒီလိုလက္ခဏာလေးတွေကိုတော့ ခံစားကြရမှာပါနော်။ ကံကောင်းရင်တော့ တချို့မိခင်တွေက ဘာခံစားမှုတွေကိုမှ မခံစားရဘဲ လျောလျောလျူလျူနဲ့အဆင်ပြေသွားတာမျိုးတွေလည်း ရှိတတ်ပါတယ်မေမေတို့ရေ။