မိန်းကလေး ကိုယ်ဝန် လွယ်ထားရကြောင်း သိရှိနိုင်မယ့် လက္ခဏာရပ်များ

မိန်းကလေး ကိုယ်ဝန် လွယ်ထားရကြောင်း သိရှိနိုင်မယ့် လက္ခဏာရပ်များ


မီးမီးလေးကိုယ်ဝန်လွယ်ထားရကြောင်း သိရှိနိုင်မယ့် လက္ခဏာရပ်များ

တစ်ချို့သော ကိုယ်ဝန်ဆောင်မိခင်တေွဟာ ဝမ်းဗိုက်ထဲက သန္ဓေသားလေး သားသားလေးလား ၊ မီးမီးလေးလား ဆိုတာကြိုတင်သိချင်နေကြပေမယ့် တစ်ချို့မိခင်လောင်းတေွကတော့ မီးဖွားလာပြီးမှသာ ဘာလေးဖြစ်မလဲဆိုပြီး ရင်ခုန်ချင်ကြပါတယ်။ အဲ့လိုမျိုး သန္ဓေသားရဲ့လိင်အမျိုးအစားကို ကြိုတင်ဓာတ်မှန်မရိုက်ထားပေမယ့်လည်း ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပေါ်တဲ့ တစ်ချို့သောလက္ခဏာတေွကိုကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။


ယခုဆောင်းပါးမှာတော့ မီးမီးလေးကိုယ်ဝန်လွယ်ထားရတဲ့အခါ ဖြစ်ပေါ်လာမယ့် လက္ခဏာရပ်များအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သန္ဓေသားရဲ့ နှလုံးခုန်သံ အရမ်းမြန်နေခြင်းဟာ မီးမီးလေးကိုယ်ဝန်လွယ်ထားရခြင်းရဲ့ လက္ခဏာတစ်ခုုပါ။ နှလုံးခုန်သံတိုင်းတာရာမှာ တစ်မိနစ်ကို အကြိမ်၁၄၀ကနေ ၁၆၀အထက် မြင့်မားနေပြီဆိုရင်တော့ မီးမီးလေးရပြီလို့ သိထားလိုက်ပါတော့။
သာမန်မိခင်လောင်းတေွထက် ကိုယ်ဝန်ဆိပ်တက်ပြီး ပြင်းပြင်းထန်ထန် ပျို့အန်နေခြင်းက မီးမီးလေးကိုယ်ဝန်လွယ်ထားကြောင်း အထင်ရှားဆုံး သိရှိနိုင်မယ့် အချက်တစ်ချက်ပါ။ မိခင်လောင်းရဲ့ အရေပြားပေါ်မှာ ယားနာ အရည်ကြည်ဖုများနဲ့ ဝက်ခြံများဟာလည်း မီးမီးလေးကိုယ်ဝန်လွယ်ထားချိန်မှာ ပေါ်လာတတ်ပါသေးတယ်။


သင့်ရဲ့ဝမ်းဗိုက်အနေအထားဟာလည်း ရင်သေွးငယ် ဘာလေးလဲဆိုတာကို ပြောပြပေးနိုင်ပါတယ်။ သန္ဓေသားဟာ သင့်ဝမ်းဗိုက်ရဲ့ အရေှ့ဘက်ကိုရောက်နေရင် ယောကျင်္ားလေးဖြစ်ပြီး ဝမ်းဗိုက်ရဲ့ အလယ်လောက်မှာသာ ရှိနေတယ်လို့ ခံစားရရင် မိန်းကလေးဖြစ်ကြောင်း အခိုင်အမာသိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ သင့်ရဲ့ဘယ်ဘက်ရင်သားဟာ ညာဘက်ရင်သားထက် သိသိသာသာကြီးလာမယ်ဆိုရင် မိန်းကလေးကိုယ်ဝန်လွယ်ထားရခြင်းကြောင့်ပါပဲ။



တကယ်လို့သင်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ အပြင်းအထန်ဒေါသထွက်မယ် ၊ စိတ်ဓာတ်ကျမယ် ၊ စိတ်ဆိုးမာန်ဆိုးဖြစ်မယ် ၊ ခံစားချက်တေွ ပြင်းထန်နေခြင်းဟာလည်း လွယ်ထားရတဲ့ကိုယ်ဝန်ဟာ မိန်းကလေးဖြစ်နေလို့ပါပဲ။ ယောကျင်္ားလေးကိုယ်ဝန်လွယ်ထားရတဲ့ မိခင်လောင်းတေွထက်ကို အဆများစွာ စိတ်ခံစားချက်တေွ ပြင်းထန်နေမှာလည်း ဖြစ်ပါတယ်။
ချောမောလှပတဲ့သမီးလေးမွေးဖွားပါစေ😍