အပျိုဗိုက် သို့မဟုတ် သားဦးဗိုက်

အပျိုဗိုက် သို့မဟုတ် သားဦးဗိုက်


အပျိုဗိုက်
*********
🤰🤰 အပျိုဗိုက် .....တစ်နည်းအားဖြင့် ယခင်ကတစ်ကြိမ်တစ်ခါမှ ကိုယ်ဝန်မဆောင်ဖူးပဲ .....အခုမှ ပထမဦးဆုံးကိုယ်ဝန်ဆောင်သည့်ဗိုက်။

ကြားဖူးကြပါတယ် " အပျိုဗိုက်မို့ ဗိုက်မထွက်သေးတာ....." အပျိုဗိုက်ဆိုတာ ၅လ ၆လလောက်နေမှထွက်တာ " စသဖြင့်ပေါ့။


✅တကယ်လည်း ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်သည့် အပျိုဗိုက်နှင့် ယခင်တစ်ကြိမ်နှင့်အထက်ကိုယ်ဝန်ဆောင်ဖူးသူ၏ဗိုက်.....အနည်းနှင့်အများတော့ ကွာဟမှုရှိသည်။

✅အရေပြားရဲ့ သဘောတရားအရ ကျုံ့နိုင် ဆန့်နိုင်စွမ်းရှိသည်( ဥပမာ - သားရေကွင်း လိုပေါ့။
သားရေကွင်းသည် ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသည်ဆိုသော်
လည်း.....သားရေကွင်းအသစ်နှင့် ဆွဲဆန့်ပြီးသားသုံးပြီးသား သားရေကွင်းတို့ အလျော့အတင်းကွာသည်။)


အလားတူပဲ ကိုယ်ဝန်ဆောင်ဖူးသူတစ်ယောက် ကိုယ်ဝန်ထပ်ဆောင်တဲ့အခါ အရေပြားကအနည်းငယ်လျော့ရဲနှင့်ပြီးဖြစ်သဖြင့် လနုစဉ်မှာပင် ဗိုက်ထွက်နိုင်သည်။

အပျိုဗိုက်မူကား အရေပြား၏တင်းရင်းမှုကြောင့် ဗိုက်ထွက် အနည်းငယ်နောက်ကျနိုင်သည်။(ပုံမှန်အတိုင်း ဗိုက်ထွက်သူများလည်းရှိသည်)


✅✅သို့သော် သတိပြုရမည်မှာ .....အထက်ပါဖော်ပြချက်သည် ယေဘုယျသဘောတရားကို ရှင်းပြခြင်းသာဖြစ်ပြီး.....ကိုယ်ဝန်ဆောင်၏ ဗိုက်အရွယ်အစား အကြီးအသေးမှာ .....
👉ဗိုက်ထဲက ကလေး၏အရွယ်အစား၊
👉ရေမွှာရည် အနည်းအများ အပါအဝင်
👉အခြားသော အချက်များအပေါ်တွင် များစွာမူတည်နေသေးကြောင်း သတိပြုစေလိုပါသည်။

အပျိုဗိုက်နှင့် ကိုယ်ဝန်ဆောင်ဖူးသူတို့၏ နောက်ထပ် ခြားနားချက်တစ်ခုမှာ .....👇👇
✅အပျိုဗိုက်မှာ ကလေးလှုပ်ခြင်းကို ကိုယ်ဝန်
၁၈ပတ် - အပတ်၂၀ လောက်မှ စတင်ခံစားရတတ်ပြီး
✅အရင်ကိုယ်ဝန်ဆောင်ဖူးသူများမှာတော့ ကိုယ်ဝန် ၁၃ပတ် - ၁၆ပတ်လောက်ကတည်းက ကလေးလှုပ်ခြင်းကို ခံစားရနိုင်ပါတယ်။

☝️☝️အထက်ပါအချက်များသည် ကျန်းမာရေးဗဟုသုတအနေနှင့် သိထားသင့်ပြီး၊
✅✅မိမိကိုယ်ဝန်ကို သက်ဆိုင်ရာ ဆရာဝန်ဆရာမထံ စနစ်တကျ ပုံမှန်ပြသခြင်းဖြင့် အမေရော ကလေးပါ ကျန်းမာစွာ ဖွားမြင်နိုင်မည်ဖြစ်ပါသည်။👨‍⚕️🤰👩‍⚕️