ကိုယ်ဝန်ဆောင်မိခင်တေွ တစ်ယောက်တည်းရှိနေတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ ထူးထူးဆန်းဆန်းအပြုအမူများ

ကိုယ်ဝန်ဆောင်မိခင်တေွ တစ်ယောက်တည်းရှိနေတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ ထူးထူးဆန်းဆန်းအပြုအမူများ


အမျိုးသမီးတေွဟာ ကိုယ်ဝန်လွယ်ထားရချိန်မှာ သန္ဓေသားလေးအတွက် များစွာသော ဂရုစိုက်မှုတေွ ထားရှိရပါတယ်။ ဟော်မုန်းပြောင်းလဲမှုတေွကြောင့် စိတ်ဂဏှာမငြိမ်ဖြစ်မှုများ ၊ စိတ်အပြောင်းအလဲများ ၊ မူးဝေခြင်းနဲ့ ပျို့အန်ခြင်းတို့ကြောင့် စိတ်ကို လန်းဆန်းစေဖို့ မလွယ်ကူပါဘူး။ သန္ဓေသားလေးကို လွယ်ထားရတာကြောင့်လည်း စိတ်ဖိစီးမှုဒဏ်ကို ဖယ်ရှားဖို့ အချိန်နဲ့အခွင့်အလမ်း နည်းပါးပါတယ်။ ဒါ့ကြောင့် မိခင်လောင်းတေွဟာ တစ်ယောက်တည်းရှိနေတဲ့အခါမှာ အနားယူခြင်းထက် ထူးထူးဆန်းဆန်း အပြုအမူများ ပြုလုပ်လေ့ရှိတာကို တေွ့ရပါတယ်။



စိတ်ဖိစီးမှုတေွကို ဖြေဖျောက်တဲ့အနေနဲ့ မိခင်လောင်းတေွဟာ စူထွက်လာတဲ့ ဝမ်းဗိုက်ကို ညင်ညင်သာသာ ပွတ်သတ်လေ့ ရှိကြပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ တကယ်လည်း ကိုယ်ခန္ဓာကို သက်တောင့်သက်သာ ရှိစေပြီး ယေဘုယျအားဖြင့် စိတ်ပိုင်းဆိုင်ရာကိုလည်း အပြုသဘောဆောင်စေပါတယ်။ တစ်ခါတစ်ရံမှာ မိမိရဲ့ ကိုယ်ပိုင်ပုံရိပ်ကို လျှို့ဝှက်စွာ စစ်ဆေးဖို့လည်း လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ် ၊ ဆံသားနဲ့ အခြား ကိုယ်အင်္ဂါအစိတ်အပိုင်းတေွကို တစ်ယောက်တည်းသီးသန့်ရှိနေချိန်မှာ စူးစမ်း စစ်ဆေးလေ့ရှိကြပါတယ်။



ကိုယ်ဝန်ဆောင်ကာလမှာ အမျိုးသမီးတေွဟာ မြင်မြင်သမှျ စားစရာတေွကို စားချင်ပါတယ်။ လူရေှ့သူရေှ့မှာတော့ ဣန္ဒြေဆည်ကာနေကြပေမယ့်လည်း တစ်ယောက်တည်းရှိနေတဲ့အခါမျိုးမှာတော့ မုန့်ပဲသရေစာများကို အချိန်မရေွး တရစပ် စားမှာဖြစ်ပါတယ်။ နောက်ပြီး တစ်ဦးတည်းရှိနေချိန်မျိုးမှာ ယခင်ကဝတ်ခဲ့ပြီး လက်ရှိအချိန်မှာ မတော်တော့တဲ့ အဝတ်အစားများကို ပြန်လည်ရှာဖေွကာ ဝတ်ဆင်ကြည့်လေ့ရှိတာကိုလည်း တေွ့ရပါတယ်။



အင်တာနက်အသုံးပြုရတာ နှစ်သက်တဲ့မိခင်တေွကတော့ သူတို့အတွက် အွန်လိုင်းပေါ်မှာမြင်သမှျ အရာတိုင်းကို သေသေချာချာ လိုက်ခံစားပြီး စိုးရိမ်ပူပန်ကာ စိတ်ဖိစီးလေ့ရှိပါတယ်။ ဒီလိုအပြုအမူမျိုးဟာ ခင်ပွန်းဖြစ်သူနဲ့ အိမ်မှာရှိတဲ့ မိသားစုဝင်တေွကို စိတ်အနေှာင့်အယှက်ဖြစ်စေနိုင်တာကြောင့် ကိုယ်ပိုင်အချိန်လေးတေွမှာသာ ပြုလုပ်တတ်ကြပါတယ်။



မိမိကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်များ ၊ ရုပ်ရှင်ဇာတ်လမ်းတွဲများကိုလည်း လက်မလွတ်တမ်း ကြည့်ချင်နေပါလိမ့်မယ်။ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ကခုန်ခြင်း ၊ သီချင်းသီဆိုခြင်းတို့အပြင် အခြား ဝါသနာပါတဲ့ အရာများကို ကိုယ်ဝန်ဆောင်မိခင်တေွ တစ်ယောက်တည်း ရှိနေတဲ့အခါ သေချာပေါက်ပြုလုပ်မှာပဲ ဖြစ်ပါတယ်။