ကိုယ်ဝန်ဆောင်မေမေတွေ အဖြစ်များတဲ့ လိပ်ခေါင်း ရောဂါ

ကိုယ်ဝန်ဆောင်မေမေတွေ အဖြစ်များတဲ့ လိပ်ခေါင်း ရောဂါ

 


ကိုယ်ဝန်ဆောင်မိခင်တွေမှာအရမ်းကိုအဖြစ်များလှပါတယ်။ အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်းမှာအဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာဘာလို့လိပ်ခေါင်းဖြစ်တာလဲ။

ဝမ်းချုပ်တာကနေပြီးတော့လည်းလိပ်ခေါင်းဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလိပ်ခေါင်းဖြစ်ရခြင်းရဲ့အဓိကအကြောင်းရင်းခံကတော့အူမကြီးအဆုံးပိုင်းနဲ့စအိုနားတဝိုက်မှာဖိအားတွေပိုလာလို့ဖြစ်ပြီးဝမ်းချုပ်တာကလည်းတတပ်တအားပါဝင်ပတ်သက်နေပါတယ်။
လိပ်ခေါင်းရောဂါရဲ့လက္ခဏာတွေကဘာတွေလဲ။


လိပ်ခေါင်းရောဂါရဲ့အတွေ့ရများတဲ့လက္ခဏာတွေက

စအိုနားတဝိုက်မှာအနေရခက်တာ၊ယားတာဒါမှမဟုတ်နာတာ။

အိမ်သာတက်ပြီးသန့်စင်တဲ့အခါသုံးတဲ့တစ်ရှူးမှာဒါမှမဟုတ်အိမ်သာကြွေခွက်မှာသွေးတွေပေနေတာ။

စအိုဝတဝိုက်မှာခပ်စိုစိုပန်းရောင်ရှိတဲ့အသားစိုင်တခုရှိနေတာဒါမှမဟုတ်စအိုဝကနေထွက်လာတာ။
ကိုယ်ဝန်ဆောင်ချိန်မှာ လိပ်ခေါင်းဝေဒနာ မခံစားရလေအောင်


၁။ ဝမ်းမချုပ်ပါစေနဲ့
----------------------

ရေများများသောက်ပြီး အမျှင်ဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်ပုံမှန် စားပေးပါ။ ရေကို အနည်းဆုံး တစ်နေ့တာအတွက် ရေသန့်ဘူးကြီး နှစ်ဘူးခွဲ (၂ လီတာနဲ့) သောက်ပေးပါ။ သစ်သီးဖျော်ရည်၊ အရည်ရွှမ်းသောအသီးများကို စားပေးပါ။
။ အိမ်သာအကြာကြီး ထိုင်တဲ့အကျင့်ကို ရှောင်ပါ
---------------------------------------------------


အိမ်သာအကြာကြီး ထိုင်တာက ခန္ဓာကိုယ်အပေါ်ပိုင်းကို အစာအိမ်အူလမ်းကြောင်းနှင့် စအိုပေါ် သက်ရောက်မှု ရှိစေတာကြောင့် စအိုပတ်လည် သွေးကြောတွေကို ပိုပြီး ဖောင်းကြွရောင်ကိုင်းစေပါတယ်။ ဒါကြောင့် အိမ်သာကမုတ်ပေါ် အကြာကြီးထိုင်တဲ့ အကျင့်ကို ပြင်သင့်ပါတယ်။


၃။ ဝမ်းကိုအောင့် မထားပါနှင့်
--------------------------------

ဝမ်းသွားချိန်တဲ့အချိန်မှာ ဝမ်းကို အောင့်ထားတာက ဝမ်းအဟောင်းတွေကို အူမကြီးထဲ ခိုအောင်းနေစေပြီး ဗက်တီးရီးယားပိုးတွေ ပွားများပေါက်ပွားဖို့ အခွင့်အလမ်းပေးသလိုဖြစ်တတ်ပါတယ်။
၄။ အနီရောင်အသားနှင့် ပြုပြင်ထားသော အသင့်စား အစားအစာများကို ရှောင်ပါ
------------------------------------------------------------------------------------


အနီရောင်အသားနဲ့ ပြုပြင်အစားအစာများကို အလွန်အကျွံစားတာက ဝမ်းချုပ်စေတတ်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းသွားလျှင်မညှစ်ပါနှင့်။ ဝမ်းအရမ်းညှစ်တာက စအိုကြွက်သားရဲ့ သွေးကြောမျှင် လေးတွေကို ဖိအားသက်ရောက်စေတာမို့ ဝမ်းသွားတဲ့အခါ အားပြုညှစ်ခြင်းကိုရှောင်ပါ။
၅။ ရေနွေးနွေးနဲ့ သန့်ရှင်းပေးပါ
---------------------------------


အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ ရေကြက်သီးနွေးလေးနဲ့ သန့်စင်ဆေးကြောပေးတာက နာကျင်မှုဝေဒနာနှင့် အနေရခက်တာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ရောဂါပိုးကပ်ညှိမှုကိုလည်း လျော့ကျစေပါတယ်။

၆။ ကီဂဲလ် (Kegel) လေ့ကျင့်ခန်းလုပ်ပေးပါ
-----------------------------------------------

ဒီလေ့ကျင့်ခန်းကို အသက်ရှုသွင်း၊ ရှုထုတ်သလို စအိုပတ်လည် ကြွက်သားတွေ အပေါ်အားပြုပြီး တစ်ကြိမ်လျှင် ၁၀ မိနစ် ၁၅ မိနစ် တစ်နေ့လျှင် နှစ်ကြိမ်အနည်းဆုံးလေ့ကျင့်လုပ်ဆောင်ပေးပါ။ စအိုပတ်လည်ကြွက်သားများ သန်မာစေပါတယ်။ ဒါ့အပြင်
- အဝမလွန်ပါစေနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ မိမိယခင် အလေးချိန်ထက် ၁၀-၁၂ ကီလိုဂရမ်ထက်ပိုပြီး မတိုးပါစေနဲ့။
- အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း (သို့) ထိုင်ခြင်းမှရှောင်ပါ။ အချိန်အကြာကြီး မတ်တပ်ရပ်ခြင်း ထိုင်ခြင်းကြောင့် ခန္ဓာကိုယ်အောက်ပိုင်းသို့ သွေးစီးဆင်းလည်ပတ်မှု မကောင်းစေပါ။
- ဒိုးနပ်ပုံ အလယ်တွင် အပေါက်ဖောက်ထားသော ခေါင်းအုံးကို အသုံးပြုပြီး ထိုင်ခြင်း၊ လှဲခြင်းပြုပေးပါက စအိုသွေးကြောတွေဆီ ဖိအားသက်ရောက်မှုနှင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ်။