၂၀၂၄ မှာ လာခြင်းကောင်းသောကလေးဖြစ်စေဖို့

၂၀၂၄ မှာ လာခြင်းကောင်းသောကလေးဖြစ်စေဖို့

 


လာခြင်းကောင်းသော ကလေးဖြစ်စေဖို့။

မိခင်လောင်းတယောက်ဟာ ကိုယ်ဝန်စရှိပါပီဆိုတာနဲ့ ကုသိုလ်ကောင်းမှုလေးတေ မိမိတတ်နိူင်သလောက် လုပ်ပေးသင့်ပါတယ်။



မနက်မိုးလင်းပီဆိုရင် 
၁။ ဘုရားသောက်တော်ရေကပ်ခြင်း


၂။ ဆွမ်းကပ်ခြင်း
၃။ ဘုရားရှိခိုးခြင်း လုပ်ပေးပါ။


၄။ ဘာသာခြားတေအနေနဲ့လည်း မိမိတို့ ကိုးကွယ် ယုံကြည်မှုအတိုင်း ဝတ်ပြုဆုတောင်းပေးပါ။
၅။ မိမိရဲ့ နေ့စဉ်ကုသိုလ်ကို အမျှဝေပါ။
၆။ အင်္ဂုလိမာလသုတ် နေ့စဉ် ရွတ်ဖတ်ပူဇော်ပါ။




အမျှဝေတဲ့အခါ ဗိုက်ထဲက ရင်သွေးလေးကိုပါ ထည့်ပီး အမျှဝေပေးပါ။
ရင်သွေးလေးဟာ မိခင်ရဲ့ စကားသံ၊ တရားသံကို အရင်ဆုံး ကြားသိရတဲ့သူပါ။ 



နေ့စဉ် ကောင်းမှု ကုသိုလ် လုပ်ပေးခြင်းဟာ ရင်သွေး အတွက် မမွေးခင်ရတဲ့ ကုသိုလ်တခုပါပဲ။
ကောင်းမှု ကုသိုလ်၊ တရားနဲ့ ကြီးပြင်းလာတဲ့ ရင်သွေးဟာ မွေးဖွား ပီးရင်လည်း ဆုံးမပဲ့ပြင်လွယ်ပါတယ်။
မိခင်လောင်းများအတွက် လာခြင်းကောင်းသော သားသမီးလေးများ ဖြစ်နိူင်ကြပါစေ။
crd