သားဦးမွေးမယ့် မေမေတိုင်း ဖတ်ရန်

သားဦးမွေးမယ့် မေမေတိုင်း ဖတ်ရန်


မိခင်လောင်းတို့အနေနဲ့ ပထမဆုံးကိုယ်ဝန်ဆောင်ချိန်မှာ သိသင့် သိထိုက်တဲ့ အချက်လေးများရှိပါတယ်။ မိခင်လောင်းတို့အနေနဲ့ ပထမကိုယ်ဝန်ဆောင်မှာ အတွေ့အကြုံနုသေးတာကြောင့် စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုအထူး လိုအပ်ပါတယ်။ အခန့်မသင့်ရင် ပုံမှန်လူတွေထက် စိတ်ကသိကအောက်ဖြစ်လွယ်ပါတယ်။ ဒါကို အတူနေယောင်္ကျား (ခင်ပွန်း) သည်များကလည်း သိရရှိထားဖို့ အထူးလိုအပ်ပါတယ်။ မိခင်လောင်းတို့အနေနဲ့ ပထမဆုံးကိုယ်ဝန်မှာ စိတ်ကျန်းမာရေးကို ပိုဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။



ဒါ့ကြောင့် ကာကွယ်ဆေးများပုံမှန်ထိုးပေးခြင်း၊ မိမိကိုယ်ဝန် အနုအရင့်အလိုက် ဖြစ်ပေါ်လာတော့ ကျန်းမာရေး အပိုင်းအခြားများကို သာမန်ထက် ပိုမိုသိရှိအောင် လုပ်ခြင်းများကို ဆောင်ရွက်သင့်ပါတယ်။ ထိုအပြင် ကိုယ်ဝန်ကိုကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ အပ်နှံသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုးလလွယ် ဆယ်လဖွားချိန်ထိ အစားအသောက်ဆောင်ရန်
ရှောင်ရန်များကို သိရှိနားလည်ထားရပါ့မယ်။ သိရှိနားလည်ရုံနဲ့ မပြီးသေးပါ။ စနစ်တကျ လိုက်နာဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။



ကိုယ်ဝန်ဆောင်ခြင်းက အနားယူဖို့လိုအပ်တယ်ဆိုပြီး မလှုပ်မယှက်မနေသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေ လုပ်ဆောင်ရမယ့် ကျန်းမာရေးလေ့ကျင့်ခန်းအချို့ နေစဉ်လုပ်ဆောင်နေသင့်ပါတယ်။ ထိုအပြင် ခရီးစဉ်တွေအတွက် ခရီးထွက်ရတဲ့အခါမှာလည်း ခရီးစဉ်အကြောင်းကို စနစ်တကျ လေ့လာပြီးမိမိကျန်းမာရေးနဲ့ ညီညွတ်တဲ့ ခရီးစဉ်ဖြစ်မဖြစ်ကိုလည်း သိရှိနားလည် လိုက်နာနိုင်ရပါတယ်။ ထိုမှဟုတ်ဘူးဆိုလျှင် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ခရီးဝေးမထွက်တာ ပိုကောင်းပါတယ်။



ကိုယ်ဝန်ဆောင်တွေအနေနဲ့ မိမိရဲ့ပထမဆုံးရင်‌သွေးငယ်မွေးဖွားမည့် နေရာ သို့မဟုတ်ဆေးရုံကိုလည်း မမွေးခင်ကတည်းက ကြိုတင်ရွေးချယ်ထားရပါ့မယ်။ မိမိနဲအဆင်ပြေမပြေ ပတ်ဝန်းကျင်အနေအထား စသဖြင့်က မမွေးဖွားချိန်မှ မွေးဖွားချိန်အထိ ကိုယ်ဝန်ဆောင်မိခင်တို့ရဲ့ စိတ်ကို ထင်ဟပ်စေပါတယ်။


ရင်သွေးငယ်မမွေးဖွားမှီအချိန်များမှာ ရင်သွေးငယ်များအတွက် လိုအပ်သည့် ပစ္စည်းများကို ကြိုတင်ဝယ်ယူထားသင့်ပါတယ်။ မမွေးဖွားမှီအချိန်များတွင် မိမိကလေးငယ် မွေးဖွားလာတဲ့အခါ ပြုစုစောင့်ရှောက်နည်းများကိုလည်း သင်ယူလေ့လာထားသင့်ပါတယ်။