လမစေ့ပဲ မီးဖွားခြင်းမှ ကာကွယ်နည်း

လမစေ့ပဲ မီးဖွားခြင်းမှ ကာကွယ်နည်း


လမစေ့ဘဲမီးဖွားခြင်းဟာ မိခင်လောင်းများ ကြုံတွေ့နိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းလေးများကို ဖော်ပြပေးသွားပါမယ်။



ကိုယ်ဝန်ဆောင်ကာလမှာ အတတ်နိုင်ဆုံး ဆေးလိပ်နဲ့ အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ သင်သောက်နေတဲ့ ဆေးဝါးများကို ပုံမှန်မပြတ်သောက်သုံးပြီး ကျန်းမာရေးစောင့်ရှောက်မှု မှန်မှန်ခံယူပါ။



အချို့ဆေးများဟာ လမစေ့ဘဲမီးဖွားခြင်းကို အားပေးနိုင်တာကြောင့် ဆရာဝန်နှင့် သေသေချာချာ တိုင်ပင်ပါ။
အာဟာရ၍ပြည့်ဝမျှတမှုရှိအောင် စားသုံးပါ။ အလုပ်ပင်ပန်းစွာလုပ်ခြင်း ၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းတို့ မပြုလုပ်ပါနှင့်။ လေ့ကျင့်ခန်းများပြုလုပ်ခြင်း ၊ အစာအာဟာရများ ကောင်းမွန်စွာ စားသောက်ခြင်း ၊ အနားယူခြင်းတို့ဖြင့် စိတ်ဖိစီးမှုများကို လျော့ချပါ။

အချို့နာတာရှည်ရောဂါသည်မိခင်များဟာ ကိုယ်ဝန်ဆောင်ကာလအတွင်း သင့်တော်သော ကုသမှု မခံယူပါက အချိန်မတန်ခင် မီးဖွားခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်ပေးသူက လမစေ့ဘဲမီးဖွားခြင်းအတွက် အန္တရာယ်ရှိသည်ဟု အကြံပေးပါက လိင်ဆက်ဆံခြင်းကိုပါ ရှောင်ကြဉ်သင့်ပါတယ်။