ရိုးရိုး မွေးမယ့် မေမေတို့ရဲ့ အမေး အများဆုံး မေးခွန်းများ

ရိုးရိုး မွေးမယ့် မေမေတို့ရဲ့ အမေး အများဆုံး မေးခွန်းများ


ရိုးရိုးမွေးမဲ့ မေမေတို့ရဲ့ အမေးများဆုံး မေးခွန်းများ 

၁ ။ မိန်းမကိုယ်ချဲ့တာနာလား

မနာပါဘူးနော် ကိုယ်ဝန်ဆောင်မွေးခါနီးရင် မိန်းမကိုယ်က နာတာတွေ မေမေတိုင်း ကြုံရပါတယ် တကယ်မွေးတဲ့အချိန်ကျရင်လည်း မိန်းမကိုယ်က ကျင် ထုံနေတာနဲ့ ချဲ့လိုက်တာ သိနေရပေမဲ့ လုံးဝမနာပါဘူး 

၂ ။ ပြန်ချုပ်ရင်ရော အစိမ်းချုပ်တာလား နာလား
ပြန်ချုပ်ရင်လည်း ထုံဆေးနဲ့ချုပ်ပေးတာပါ ထုံဆေးကလည်း ဆေးထိုးအပ်နဲ့ထိုးရတာ မဟုတ်ပါဘူးနော် ထုံဆေးအရည်ကိုသုံးတာပါ ထုံဆေးအရည်လောင်းလိုက် ချုပ်လိုက်လုပ်တာမို့ လုံးဝ မနာပါဘူး 


၃ ။ ဗိုက်နာရင် ဘယ်လိုညှစ်ရမှာလဲ
ဗိုက်နာတာနဲ့ ညှစ်စရာမလိုပါဘူး ဗိုက်နာပီး အီးပါချင်သလိုဖြစ်လာမှ သားအိမ်က သူ့အလိုလို ညှစ်လာတာပါ အဲ့အခါကျမှ ကိုယ်က အလိုက်သင့်လေး အားထည့်ညှစ်ပေးလိုက်ရမှာပါ ဗိုက်နာတာနဲ့ ကိုယ့်ဘာသာ ညှစ်နေရင် ကိုယ်ပဲမောမှာပါ ကလေးကထွက်မလာပါဘူး ကလေးထွက်ချင်ပီဆို သားအိမ်က သူ့အလိုလိုကို ညှစ်လာတာပါ 

၄ ။ ကိုယ့်ရဲ့ private ဧရိယာကို အကုန်မြင်နေရတော့ 
ရှက်စရာကောင်းလား
တကယ်မွေးတော့မယ်ဆို ဗိုက်နာတာနဲ့ အမြန်ပဲမွေးချင်နေတာပါ
ဗိုက်အရမ်းနာနေတာနဲ့ ရှက်ရမယ်ဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး 


၅ ။ ရိုးရိုးမွေးချင်းနှင့် ကလေး အသားဝါ
ရိုးရိုးမွေးတဲ့ baby လေးတွေက အသားဝါတယ်ဆိုတာ တော်တော်ရှားပါတယ် ရိုးရိုးမွေးတာက ကလေးထွက်လာတာနဲ့ အညစ်ကြေးတွေ ပိုးမွှားတွေ အကုန် သွေးနဲ့ရေမွှာ အချင်း စတဲ့ထဲမှာ အကုန်ပါသွားတာမို့ baby လေးတို့ အသားဝါချင်း ဖြစ်ခဲပါတယ် 


၆ ။ အကြံပြုချက်
 ရိုးရိုးမွေးမဲ့ မေမေတွေ အနေနဲ့ အုန်းရေသောက်ပေးရပါမယ် နေ့တိုင်းသောက်စရာမလိုပါ တစ်ရက်ခြား ၂ရက်ခြား သောက်လို့ရပါတယ် အုန်းရေသောက်မှ ရေမွှာရည်ကြည်ပီး baby လေးထွက်လာရင်လည်း အနံဆိုးတွေကင်းပီး သန့်ရှင်းမှာပါ 
 လမ်းများများလျောက်ပါ လမ်းလျောက်မှ အထဲက ကလေးလည်း နေရထိုင်ရ ချောင်ချောင်လည်လည် နေလို့ရတာပါ မွေးဖွားရလည်းလွယ်ပါတယ်။


အနေထားမမှန်ပါက လမ်းလျှောက်ပေးချင်းဖြင့် အနေထားပြန်တည့်စေပါတယ် ( ချင်းအောက်ကျတဲ့ မေမေများနှင့် သွေးဆင်းတတ်သော မေမေများကတော့ ငြိမ်ငြိမ်လေးပဲ နေသင့်ပါတယ်) 
 နွားနို့ သို့မဟုတ် ပဲနို့သောက်ပါ ကလေး အရိုးဆစ် သန်မာစေပါတယ် 
 အဂ်ုလိမာလသုတ်အလွတ်ကျက်ထားပါ မွေးဖွားရ လွယ်ကူပါတယ်

မေမေတိုင်း လွယ်ကူချောမွေ့စွာ မွေးဖွားနိုင်ကြပါစေ ။

Crd..