ဗိုက်ပြင်ပေးသင့်သောကိုယ်ဝန်အနေအထားနှင့်လုံးဝမပြင်သင့်သောအနေအထားများ

ဗိုက်ပြင်ပေးသင့်သောကိုယ်ဝန်အနေအထားနှင့်လုံးဝမပြင်သင့်သောအနေအထားများ


ကိုယ်ဝန်ဆောင်နေစဉ် ဗိုက်ပြင်ခြင်းအကြောင်း သိကောင်းစရာ အဖြာဖြာ နှင့် နောက်ဆက်တွဲ ဆိုကျိုးများအကြောင်း


မေမေတေွရဲ့ ဗိုက်ထဲမှာ ကလေးလေးတေွဟာ ပုံစံအတည်တကျနဲ့ နေနေတာမဟုတ်ဘဲ ဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)၊ ကန့်လန့်ပုံစံ၊ ထိုင်ရက်ပုံစံ (တင်ပဆုံအောက်စိုက်ပုံစံ)စတဲ့ ပုံစံအမျိုးမျိုးနဲ့ နေကြပါတယ်။ ပုံစံတစ်ခုကနေ နောက်ပုံစံတခုကိုလည်း ပြောင်းလဲသွားလေ့ရှိပါတယ်။ သို့သော် ကိုယ်ဝန်လရင့်လာပြီးတော့ မေွးခါနီးလာတာနဲ့အမှျ ဗိုက်ထဲက ကလေးနေတဲ့ပုံစံဟာ ဇောက်ထိုးပုံစံ (ခေါင်းအောက်စိုက်ပုံစံ) ပဲဖြစ်သင့်ပါတယ်။ ဒါမှသာ ရိုးရိုးမေွးတဲ့အခါ မေွးဖွားရလွယ်ကူပြီးတော့ ကလေးကို အောင်မြင်စွာ မေွးဖွားနိုင်မှာပဲ ဖြစ်ပါတယ်။


တကယ်လို့ ဗိုက်ထဲက ကလေးရဲ့ပုံစံက ဇောက်ထိုးပုံစံ (ခေါင်းအောက်စိုက်ပုံစံ)က လွဲပြီး တစ်ခြားပုံစံတေွပဲ ဖြစ်ခဲ့တယ်ဆိုရင်တော့ ကိုယ်ဝန်၃ရပတ် မြေှာက်မှာ ဗိုက်ပြင်ဖို့ ကောင်းကောင်း လိုနေပါပြီ။ ဘာဖြစ်လို့ ကိုယ်ဝန်၃ရမြေှာက်မှာမှသာ ဗိုက်ပြင်ရတာလဲဆိုတော့


၁။ ၃လပတ် မတိုင်မှီမှာ ကလေးလေးတေွက ပုံစံမျိုးစုံနဲ့ လှည့်နေနိုင်ခြေ တအားများတဲ့အတွက် ပြင်လို့ ခေါင်းအောက်စိုက်ပုံစံဖြစ်သွားတာနဲ့ ထိုပုံစံကနေ တစ်ခြားပုံစံ ပြန်ဖြစ်သွားနိုင်တာကြောင့်ပါပဲ။

၂။ ဗိုက်ထဲက ကလေးလေးတေွရဲ့ ၉ရရာခိုင်နှုန်းဟာ ကိုယ်ဝန်၃လပတ်မြေှာက်ကျ သူ့ဘာသူ ဇောက်ထိုးပုံစံ(ခေါင်းအောက်စိုက်ပုံစံ)ဖြစ်သွားနိုင်တာကြောင့်ပါ။


၃။ တကယ်လို့ ဗိုက်ပြင်ရာကနေ မတော်တဆ နောက်ဆက်တွဲဆိုးကျိုးဖြစ်ပါကလည်း ကလေးအသက်ရှင်နိုင်ဖို့များအောင်ရယ် ဆိုတဲ့ အချက်၃ချက်ကြောင့်ပါပဲ။
ဒါကြောင့် ဗိုက်ပြင်တာကို ဆေးပညာအရ External Cephalic Version လုပ်တယ်လို့ ခေါ်ပါတယ်။ ဗိုက်ပြင်တယ်ဆိုတာက အကြမ်းအားဖြင့်ပြောရရင် မိခင်ဗိုက်ထဲမှာ နေတဲ့ပုံစံမမှန်တဲ့ကလေးကို မိခင်ဗိုက်အပေါ်ကနေ မပြီး တဖြေးဖြေးနဲ့တွန်းလှည့်ကာ ခေါင်းအောက်စိုက်ပုံစံမျိုး ရအောင် လုပ်တာပါ။ တကယ်လို့ ဗိုက်ပြင်ရာကနေ ရေမွှာပေါက်သွားတာ၊ ချက်ကြိုးထုံးသွားတာ၊ ချက်ကြိုးကိုဖိမိတာ၊ အချင်းကွာတာ၊ သားအိမ်ကွဲတာ၊ ကလေးနှလုံးခုန်နေှးပြီး ကလေးသေတာ စသဖြင့် နောက်ဆက်တွဲဆိုးကျိုးတေွ အများကြီး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒီနောက်ဆက်တွဲဆိုးကျိုးတေွ မဖြစ်အာင် ဖြစ်ပွားနိုင်ခြေ နည်းအောင် ဗိုက်ပြင်ရာမှာ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တေွ ရှိပါတယ်။ ထိုစည်းကမ်းသတ်မှတ်ချက်တွေက ဘာတွေလဲဆိုတော့


၁။ ကလေးခွဲမွေးထားတာ သို့မဟုတ် သားအိမ်အလုံး ထုတ်ထားတာကြောင့် ဗိုက်မှာ ခွဲကြောင်းအမာရွတ်ရှိတဲ့ကိုယ်ဝန်ဆောင်တွေ

၂။ ကိုယ်ဝန်ဆောင်နေစဉ်မှာ သေွးဆင်းဖူးတဲ့ ကိုယ်ဝန်ဆောင်တွေ

၃။ ၃ခါနဲ့အထက် ကိုယ်ဝန်ပျက်ကျဖူးတဲ့ ကိုယ်ဝန်ဆောင်တွေ

၄။ တင်ပဆုံရိုးကွင်းကျဉ်းတဲ့ ကိုယ်ဝန်ဆောင်တွေ

၅။ အချင်းနေရာမမှန်တဲ့ ကိုယ်ဝန်ဆောင်တွေ

၆။ ဗိုက်ထဲက ကလေးက အမွှာဖြစ်နေတဲ့ကိုယ်ဝန်ဆောင်တေွဆိုရင် ဗိုက်ပြင်ခြင်းကို လုံးဝမလုပ်ရပါဘူး။ လုပ်ရင် အရမ်းအန္တရယ်ရှိပါတယ်။


ရ။ အရေးကြီးဆုံးအချက်အနေနဲ့ကတော့ ဗိုက်ပြင်တာကို သားဖွားမီးယပ်ဆရာဝန်(OG)နဲ့ပဲ ခွဲခန်းထဲမှာ သို့မဟုတ် ခွဲခန်းနဲ့နီးတဲ့ နေရာတစ်ခုခုမှာပဲ လုပ်ရပါမယ်။ အရပ်က လက်သည်တေွ၊ သားဖွားဆရာမတေွနဲ့ အိမ်မှာ ပြင်တာမျိုးတေွကို လုံးဝရေှာင်ကျဉ် ရပါမယ်။ ဒါမှသာ လုပ်နေရင်းနဲ့ တကယ်လို့ မတော်တဆ တစ်ခုခု နောက်ဆက်တွဲဆိုးကျိုးတစ်ခုခု ဖြစ်လာပါက အရေးပေါ်ခွဲမေွးလို့ ရမှာပါ။
ဒါအပြင် မပြင်ခင်နဲ့ ပြင်အပြီးမှာ ကလေးနှလုံးခုန်သံ(Fetal Heart Sound)ကိုစစ်ရပါတယ်။ ပြင်တဲ့အချိန်ကလည်း ၁၀မိနစ်ထက် ပိုမကြာရပါဘူး။ ကိုယ်ဝန်ဆောင်မိခင်ကိုလည်း ဗိုက်ပြင်ပြီးတဲ့နောက်မှာ ဗိုက်တအားနာတာ၊ မိန်းမကိုယ်ကသေွးဆင်းတာ၊ အရည်ဆင်းတာတေွရှိရင်၊ ဗိုက်ထဲကကလေးက ပြန်ပြီးတော့ လည်သွားသလိုခံစားရရင်လည်း ပြန်လာဖို့ မှာ ရပါတယ်။ ဒီလိုမှ မဟုတ်ပဲ ၃ရပတ်မြေှာက်မှာ ဗိုက်ပြင်တာက တကြိမ်တည်းနဲ့ မအောင်မြင်တာလည်း ဖြစ်နိုင်ပါတယ်။ မအောင်မြင်ရင် နောက်ထပ်တစ်ပတ်ထပ်စောင့်ပြီးတော့ ပြန်လုပ်နိုင်ပါတယ်။ တကယ်လို့ ဒုတိယအကြိမ် လုပ်တာပါ မအောင်မြင်ရင်တော့ ထပ်လုပ်လို့ မရပါဘူး။ ကလေးက သူ့ဘာသာသူ နေတဲ့ပုံစံ လှည့်မလားပဲ စောင့်ကြည့်ရပါမယ်။ မလှည့်ဘူးဆိုရင်တော့ ကိုယ်ဝန်ဆောင် မေမေတေွအနေနဲ့ ခွဲမေွးမလား သို့မဟုတ် တင်ပဆုံအောက်စိုက်တဲ့ အနေထားနဲ့ပဲ ရိုးရိုးမေွးဖို့ ကြိုးစားကြည့်မလားဆိုတာကို ကောင်းကောင်း စဉ်းစားဆုံးဖြတ်ရပါမယ်။ အားလုံးပဲ ကျန်းမာပြီး ဘေးကင်းကြပါစေ။