နဂါးနှစ်မှာ ဘာကြောင့် ဘေဘီလေးယူသင့်လဲ

နဂါးနှစ်မှာ ဘာကြောင့် ဘေဘီလေးယူသင့်လဲ

 


🐉👶နဂါးဘေဘီ ဘာလို့ယူရမှာလဲ ⁉️

🐉 နဂါးဘေဘီ - နဂါးဘေဘီ လိုချင်တယ်ဆိုပြီး ခု ဖေ့ဘုတ်ပေါ်မှာ ခနခနမြင်နေကြမယ်ထင်ပါတယ်

ကလေးယူမယ့် မိခင်လောင်းတွေအနေနဲ့ ဒါဘာကိုပြောတာလဲ သိချင်နေကြမှာအမှန်ဘဲ

သိလည်း သိထားသင့်တယ်ထင်လို့ ခုပြောပြပါတော့မယ်ရှင့်

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

🔸🔸🔸🔸🔸🔸🔸🔸🔸🔸

👇👇👇👇👇👇👇👇



ပထမစာလုံးဖြစ်တဲ့ ' နဂါး '

⛩️ တရုတ်ရိုးရာ ရာသီခွင်အရ ခုနှစ်သက္ကရာဇ်တွေကို သတ္တဝါပေါင်း 12 ကောင်နဲ့ကိုယ်စားပြုပြီး သတ်မှတ်ကြပါတယ်

မြန်မာလိုဆို တနင်္လာကျား အင်္ဂါ​ခြင်္သေ့ စသည်ဖြင့်ပေါ့နော့်

🐉 အဲ့ဒီအကောင်တွေထဲကမှ နဂါးဟာ ကြွက်, နွား, ကျား, ယုန်တို့ရဲ့ နောက်က ငါးကောင်မြောက် ရာသီခွင်ဖြစ်ပါတယ်

နံပါတ် 5 မှာရောက်နေပေမယ့် နဂါးရာသီခွင်ဟာ ကျန်တဲ့ အကောင်တွေအားလုံးထက် အကောင်းဆုံး စွမ်းအားအကြီးဆုံးဖြစ်တယ်ရှင့်🏆

🐉 နဂါးနှစ်မှာမွေးတဲ့သူတွေရဲ့ ပင်ကိုယ်အရည်အချင်းတွေက 

- ဂုဏ်သိက္ခာကြီးမှု
- ရဲရင့်ပြတ်သားမှု
- ဥာဏ်ပညာကြီးမှု
- ဦးဆောင်နိုင်မှုတို့ဖြစ်ပြီး

ဒါတွေကို ကောင်းကောင်း အသုံးချနိုင်သူတွေဟာ အင်မတန်ကြီးကျယ်မြင့်မြတ်တဲ့ အောင်မြင်မှုတွေကို ရရှိတတ်ပါတယ်👑🏆

ဥပမာ အနေနဲ့ပြောရရင်

💰စီးပွားရေးလောကမှာဆို

- Alibaba - ဂျက်မား ( Jack Ma )
- Amazon - ဂျက်ဘေဇို ( jeff bezos)



👑ခေါင်းဆောင်တွေထဲမှာဆို

- ဗြိတိန်ဝန်ကြီးချုပ် - ဘိုးရစ်ဂျွန်ဆင် ( Boris Johnson)

- ရုရှားသမ္မတ - ပူတင် ( Vladimir Putin )

💃 အနုပညာရှင်တွေထဲမှာဆို

- ဘရုစ်လီ ( Bruce Lee )
- ရှာကီရာ ( Shakira )
- ရီဟားနား ( Rihana )
- အဒဲလ် ( Adele ) 

စသည်ဖြင့် တကယ့် ဒိတ်ဒိတ်ကြဲ နာမည်ကြီးတွေရှိပါတယ်ရှင့်😇

👉 အဲ့လိုဒိတ်ဒိတ်ကြဲတွေဖြစ်လာမယ့်သူတွေကို မွေးဖွားမယ့် နဂါးခုနှစ်ဟာ အခုလာမယ့် 𝟮𝟬𝟮𝟰 ဘဲဖြစ်ပါတယ်🤩🥳

⚠️ 12 နှစ်မှာမှ တစ်ခါလာတာနော်

ဒီလောက်ဆို နဂါးဘေဘီဆိုတာ သဘောပေါက်ကြလောက်ပါပြီ

🐉 အဲ့ဒီ နဂါးနှစ် 𝟮𝟬𝟮𝟰 မှာမွေးမယ့် ဘေဘီလေးတွေကိုခေါ်တာပါဘဲရှင်😎

ဒါကြောင့်မို့ နောက်နှစ်မှာမွေးနိုင်အောင် ခုကတည်းက ဘေဘီရအောင် ကြိုးစားဖို့ တိုက်တွန်းကြတာပါ😁

✋️သို့သော် ခနလေး မပြီးသေးဘူး

⚠️ 12 နှစ်တစ်ခါလာတယ်ဆိုတော့ ဟိုးအရင်နှစ်တွေတုန်းကဖြင့် ဒီလောက်မဟုတ်ပါဘူး ဘာလို့အခုမှ သည်းသည်းလှုပ် နေကြတာလဲလို့ မေးစရာကလည်းရှိတယ်🤔

အဲ့ဒါလေးလည်း တစ်ခါတည်း ဆက်ပြော​ပြမယ်
စာရှည်ပေမယ့် သည်းခံပေးဦးနော်

အိုကေ

ခုလာမယ့် 𝟮𝟬𝟮𝟰 က ရိုးရိုးနဂါးနှစ်မဟုတ်ဖူး ❌

🔥 အနှစ် 𝟲𝟬 နေမှ တစ်ခါလာတဲ့ ထူးရှယ် နဂါးနှစ်ပါတဲ့ရှင် 😱

⛩️ ဟိုး အပေါ်မှာတုန်းက တရုတ်ရာသီခွင်အရ ဂြိုလ်ခွင် 12 ကောင် - 12 နှစ် ကလင်ဒါ ရှိတယ်ဆိုတာ​သိခဲ့ပြီ

⛩️ သူ့ထက်ပိုကြီးတဲ့ နှစ် 𝟲𝟬 ကလင်ဒါဆိုတာလည်းရှိတယ်ရှင့်

✳️အဲ့ဒါကတော့ သတ္တဝါ 12 ကောင်ကို တရုတ်အယူအဆ ဓါတ်ကြီးငါးပါးဖြစ်တဲ့ မီး,ရေ,လေ,မြေ,သတ္တု စတာတွေနဲ့ယှဥ်ပြီးပေါင်းစပ်သတ်မှတ်တာပါဘဲ

ဓါတ်ကြီးတစ်ခုကို 12 နှစ်ရှိမယ့်သဘောပေ့ါ

👉 အခုလာမယ့် 𝟮𝟬𝟮𝟰 နဂါးနှစ်ကတော့ သစ်သားဓါတ်မှာကျရောက်တဲ့ သစ်သားနဂါးနှစ် 𝗬𝗲𝗮𝗿 𝗼𝗳 𝘁𝗵𝗲 𝗪𝗼𝗼𝗱 𝗗𝗿𝗮𝗴𝗼𝗻 ဖြစ်ပါတယ်ရှင့်🀄️🐉




🐉 သူက အပေါ်မှာပြောခဲ့တဲ့ နဂါးတို့ရဲ့ ပင်ကိုယ်အရည်အသွေးတွေအပြင် သစ်သားဓါတ် ကိုယ်စားပြုတဲ့

- နူးညံ့ကြင်နာမှု
- ရက်ရောမှု
- သဘောထားကြီးမြတ်မှု
- လိုက်လျောညီထွေနေတတ်မှု စတဲ့ စိတ်ထားမျိုးတွေကိုပါ ရှိစေပါတယ်ရှင့်🥰

🀄️ဒါကြောင့်မို့ နောက်လာမယ့် 𝟮𝟬𝟮𝟰 ဟာနှစ်ပေါင်း 𝟲𝟬 မှာ တစ်ခါလာမယ့် 𝗬𝗲𝗮𝗿 𝗼𝗳 𝘁𝗵𝗲 𝗪𝗼𝗼𝗱 𝗗𝗿𝗮𝗴𝗼𝗻 ဖြစ်တယ် 💯✅

🔥 အင်မတန်ထူးခြားတဲ့ လူစွမ်းကောင်း ဘေဘီလေးတွေမွေးဖို့ အချိန်အခါ အကောင်းဆုံးဖြစ်တယ်လို့ ယူဆနိုင်ပါတယ်ရှင်👶🥳

အဲ့တော့ စာဖတ်နေတဲ့ မေမေတို့လည်း ဘေဘီလေးယူဖို့ အစီအစဥ်ရှိရင် ခုကတည်းက စပါယ်ရှယ်ကြိုးစားနော်☺️

2 လပိုင်းအထိ အချိန်ရတယ်

💪 ရအောင်ယူပါရှင့် 💪

⬇️⬇️⬇️⬇️⬇️⬇️⬇️

🤰 ရပြီးသွားတဲ့ မေမေလောင်းတို့ကိုတော့ Congratulation ပါနော် 

#Dragon#dragonbaby