ဘေဘီလေးဘယ်လိုလှုပ်တတ်လဲမေမေတို့သိဖို့

ဘေဘီလေးဘယ်လိုလှုပ်တတ်လဲမေမေတို့သိဖို့


၁။ ကလေးလှုပ်ခြင်းဟာ ကလေးလေး အမေ့ဗိုက်ထဲမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားနေတယ်ဆိုတာကို ကောင်းကောင်း ညွှန်ပြနေပါတယ်
 ၂။ကလေးလူးတာ ၊ လိမ့်တာ ၊ လှည့်တာ ၊ ကန်တာဟာ ကလေးကို ကျန်းမာစေပြီးတော့ ကောင်းကောင်း လှုပ်ရှားနေနိုင်တာကို ပြသပါတယ်။ ဒါအပြင် ကလေးရဲ့ခြေတေွလက်တေွ ဆန့်ထုတ်လိုက်တဲ့ အခါတိုင်းမှာ လှပ်ခနဲလှပ်ခနဲ ခံစားချက်မျိုး ခံစားစေရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန် တဖြည်းဖြည်းနဲ့ လရင့်လာလေလေ ကလေးလှုပ်ရှားမှုတေွက ပိုစိပ်လာပြီးတော့ ပိုမို ထင်ရှားလာစေမှာပဲ ဖြစ်ပါတယ်။
အပြင်ဘက်ကလာတဲ့ လှုံ့ဆော်မှုတေွကို ကလေးက ပြန်လှန် တုန့်ပြန်တဲ့အနေနဲ့ လှုပ်တာလည်း ဖြစ်ပါတယ်။


သန္ဓေသားလေးရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတေွကို တုန့်ပြန်တဲ့အနေနဲ့ ကန်တာလည်း ဖြစ်နိုင်ပါတယ်။ မိခင်စားလိုက်တဲ့အစာ၊ ပတ်ဝန်းကျင်က ဆူညံမှုတေွကြောင့်လည်း ကန်တတ်ပါတယ်။
၃။ ဘေးတစ်စောင်း လှဲအိပ်တဲ့အခါ ကလေးလှုပ်တာက ပိုများလာပါတယ်
ဘေးစောင်းအိပ်တဲ့အခါ ကလေးဆီကို အချင်းကနေ သေွးအသွားအလာက ပိုများလာပါတယ်။ ဒါကြောင့် ကလေးက ပိုလှုပ်ရှားလာတာပဲ ဖြစ်ပါတယ်။.


၄။ ကိုယ်ဝန်၁၈ပတ်မှ ၂၅ပတ်အတွင်း စလှုပ်တတ်ပါတယ်
သားဦးကိုယ်ဝန်တေွမှာ ၂၅ပတ်လောက်မှ သတိထားမိတတ်ပြီးတော့ ကျန်ကိုယ်ဝန်ဆောင်တေွမှာတော့ ၁၈ပတ်လောက်ကတည်းက ကလေး လှုပ်တတ်ပါတယ်။
၅။ ကလေးလှုပ်တဲ့အကြိမ်အရေအတွက်ကို ရေတွက်ထားသင့်ပါတယ်
အစပိုင်းမှာ လေထသလား ၊ ကလေးတကယ်လှုပ်တာလား မသေချာတတ်ပေမယ့် နောက်ပိုင်း တဖြည်းဖြည်းနဲ့ ကလေး ဘယ်အချိန်မှာ အိပ်တတ်တယ် ၊ ဘယ်အချိန်မှာ နိုးတယ် ၊ ဘယ်အချိန်မှာ အလှုပ်ရှားဆုံးဖြစ်တယ် ၊ ဘယ်လိုလုပ်ရင် ပိုလှုပ်တယ် ဆိုတာကိုတောင် သိလာနိုင်ပါတယ်။ ကလေးရဲ့လှုပ်ရှားမှုတေွကို မိလတေွက သတိထားနေခြင်းဖြင့် ကလေးမှာ တကယ်လို့ ပြဿနာ တစ်စုံတစ်ရာဖြစ်လာတဲ့အခါ ချက်ချင်းသိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နေ့တိုင်းနေ့တိုင်းမှာ ကလေးကန်တာ၊ လှည့်တာ၊ တွန်းတာတေွကို သေချာမှတ်သားရေတွက်ထားသင့်ပါတယ်။ ဒီလို ရေတွက်ထားခြင်းဖြင့် သန္ဓေသားသေဆုံးခြင်းကိုလည်း ကာကွယ်နိုင်တာကြောင့် ကိုယ်ဝန်၂၈ပတ်ကနေ စပြီးတော့ ပုံမှန်ရေတွက်ဖို့အတွက် အကြံပြုပါတယ်။


။၆ ကလေးအလှုပ်နည်းသွားခြင်းက ကလေးမှာ ပြဿနာ တစ်စုံတစ်ရာ ရှိနေနိုင်ကြောင်းပြသပါတယ်
ကိုယ်ဝန်၂၈ပတ် ကျော်လွန်လာတဲ့အခါ ဆရာဝန်က တစ်နေ့တာ ကလေးလှုပ်ရှားမှု အရေအတွက်ကို မှတ်သား ထားခိုင်းလေ့ရှိပါတယ်။ ပုံမှန် ၂နာရီအတွင်းကလေးလှုပ်တာ ၁၀ကြိမ် ပြည့်လေ့ရှိပါတယ်။ အကယ်၍ နည်းနေပြီဆိုရင်တော့ အောက်ပါ ပြဿနာ တစ်ခုခ ုရှိနေနိုင်ပါတယ်။ မိခင်မှာ စိတ်ဖိစီးမှု သို့မဟုတ် အာဟာရချို့တဲ့မှုရှိနေခြင်းက ကလေးပေါ်မှာ သက်ရောက်မှု အများအပြား ရှိနိုင်ပါတယ်။ အာဟာရမပြည့်ဝတဲ့အခါ ကလေးရဲ့ ဦးနေှာက်နဲ့အာရံကြောဖွံဖြိုးမှုအတွက် လျော့နည်းပြီး လှုပ်ရှားမ ှုနည်းလာပါတယ်။ ကလေးသိပ်မလှုပ်ဘူးလို့ ထင်တဲ့အခါ ရေများများသောက်ပြီးတော့ လမ်းထလျောက်ကြည့်လိုက်ပါ။ အချင်းကွာခြင်း ၊ အချင်းကွာတဲ့အခါ ကလေးဆီကို အောက်ဆီဂျင်နဲ့ သေွးအရောက်နည်းပြီးတော့ ကလေးရဲ့ဖွံ့ဖြိုးမှုကိုပါ အနေှာင့်အယှက် ဖြစ်စေပါတယ်။ ရေမြွာစောပေါက်ခြင်း ၊ ရေမြွာစောပေါက်တဲ့အခါ ရေမြွာရည် နည်းလာပြီးတော့ ကလေးကောင်းကောင်း မလှုပ်ရှားနိုင်တာ၊ အောက်ဆီဂျင်ဓာတ်နည်းပါးလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကလေးအောက်ဆီဂျင်ဓာတ် မလုံလောက်ခြင်း ၊ အချင်းကြိုးလိမ်သွားခြင်း ၊ ခေါက်သွားခြင်း ၊ ပုံပျက်သွားခြင်းတို့ကြောင့် ကလေးဆီကို အောက်ဆီဂျင် ပြတ်တောက်သွားတတ်ပါတယ်။ အာထရာစောင်းရိုက်ခြင်းနဲ့ အခြား စမ်းသပ်နည်း အမျိုးမျိုးဖြင့် ကလေးရဲ့ နှလုံးခုန်နှုန်းနဲ့ အလှုပ်နည်းရခြင်း အကြောင်းအရင်းတေွကိုပါ ရှာဖေွနိုင်ပါတယ်။
၇။ ကိုယ်ဝန်လရင့်ချိန်မှာ ကလေးအလှုပ်နည်းခြင်းကိုတော့ စိုးရိမ်စရာမလိုအပ်ပါဘူးကိုယ်ဝန်လရင့်လာတဲ့အခါ ကလေးဟာ မိနစ်၂ဝ မှ မိနစ် ၄ဝခန့် တစ်ခါတရံ မိနစ် ၉ဝ ခန့်ထိ မလှုပ်မရှားပဲ နေတတ်ကြပါတယ်။ ကလေးက တဖြည်းဖြည်းးနဲ့ ကြီးလာတဲ့အခါ လှုပ်ရှားရ ခက်လာတတ်ပါတယ်။ ဒါကြောင့် ကလေးအလှုပ်နည်းသွားတဲ့အခါ မစိုးရိမ်သွားပါနဲ့။ ဒါပေမယ့် တစ်ခါတစ်ရံ နံရိုးအောက်မှာ စူးခနဲ အောင့်အောင့်သွားတတ်ပြီးတော့ မိနစ်အတန်ကြာ တစ်ဆတ်ဆတ် နာနေတာမျိုးရှိပါတယ်
၈။ ကလေးလှုပ်ရှားမှုက ကလေးမေွးလာတဲ့အခါ စိတ်နေစိတ်ထားနဲ့ ဆက်စပ်မှုရှိနေနိုင်ပါတယ်
လေ့လာမှုတေွအရ ဗိုက်ထဲက ကလေးရဲ့လှုပ်ရှားမှုပုံတေွက ကလေးဘဝအစပိုင်းရဲ့ စိတ်နေစိတ်ထားကို ဖောြ်ပနေနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့တော့ ကောင်းကောင်း ဆုံးဖြတ်လို့တော့ မရပါဘူး။
၉။ ကလေးလှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ?
ကိုယ်ဝန်လရင့်လာတဲ့အချိန်မှာ၂နာရီပြည့်သည်အထိ ကလေးလှုပ်တာက ၁ဝကြိမ် မပြည့်တဲ့အခါ နာရီအနည်းငယ်မျှ စောင့်ပြီးတော့ နောက်တစ်ခါ ရေတွက်ကြည့်လိုက်ပါ။ နောက်တစ်ခါမှာလည်း ၂နာရီအတွင်း ၁ဝကြိမ် မပြည့်ခဲ့ရင် နီးစပ်ရာ ကျန်းမာရေးဌာနကို သွားပါ။ ဒါအပြင် ဆူညံသံတေွကို ခါတိုင်းလို မဟုတ်ဘဲ တုံ့ပြန်မှုလျော့နည်းလာခြင်း ၊ ၂ရက်ဆက်တိုက် ကလေးလှုပ်ရှားမှု တစ်ဖြည်းဖြည်းနဲ့ လျော့နည်းလာခြင်းတို့ ကြုံရပါကလည်း ဆေးရုံ ၊ ဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်။
၁၀။ ကလေးလှုပ်ရှားမှု နည်းလာတယ်လို့ ထင်တဲ့အခါ အိမ်မှာဘာလုပ်ကြည့်သင့်သလဲ?
ကလေးလှုပ်ရှားမှုလျော့နည်းတဲ့အခါ စိတ်ကိုလျော့ချပြီးတော့ ခေတ္တခဏ ထိုင်လိုက်ပါ။ အအေးနဲ့ သရေစာတစ်ခုခု စားပြီးတော့ ခြေထောက်ကို အပေါ်မြေှာက်ပြီး ထိုင်ပါ။ အချိုဓာတ်နဲ့ အအေးဓာတ်က ကလေးရဲ့ တုန့်ပြန်မှုကို ကောင်းကောင်း ရရှိစေနိုင်ပါတယ်။ ဒါဆို ကလေးဟာ လှုပ်ခြင်း၊ ကန်ခြင်း၊ တွန်းခြင်း၊ ပုတ်ခြင်းစတဲ့နည်းအမျိုးမျိုးနဲ့ တုန့်ပြန်လာပါလိမ့်