ကိုယ်ဝန်ဆောင်ချိန်မေမေတွေအဖြစ်များတဲ့ချဥ်ခြင်းတက်ခြင်းအကြောင်း

ကိုယ်ဝန်ဆောင်ချိန်မေမေတွေအဖြစ်များတဲ့ချဥ်ခြင်းတက်ခြင်းအကြောင်း


ကိုယ်ဝန်ဆောင်တဲ့အချိန် မေမေတွေ အဖြစ်များတဲ့ ချဉ်ခြင်းတတ်ခြင်းများအကြောင်း
မေမေတေွ အနေနဲ့ အချဉ်ထုတ် ၊ ပေါင်မုန့် ၊ ရေခဲမုန့်၊…. စသဖြင့် များပြားလှတဲ့ ချဉ်ခြင်းတေွှဖစ်နေပါသလား? ဒါဆို အရမ်း စိတ်မပူပါနဲ့။ ကိုယ်ဝန်ဆောင်အမျိုသမီး ၅ဝကနေ ၉၀ရာခိုင်နှုန်းဟာ အစားအသောက်တစ်မျိုးမျိုးကို ပုံမှန် ချဉ်ခြင်းတက်နေလေ့ရှိပြီးတော့ တစ်ချို့တေွမှာတော့ ပုံမှန်ကြိုက်လေ့ရှိတဲ့အစားအစာတေွကိုတောင် လှည့်မကြည့်ချင်လောက်အောင် အရမ်းမုန်းနေတတ်ပါတယ်။
ဒါဆို ဘယ်အချိန်မှာ စဖြစ်တတ်ပါသလဲ?
--------------------------------------------


အစောဆုံးက ကိုယ်ဝန်သုံးလလောက်မှာ စဖြစ်တတ်ပြီးတော့ နောက် ၃ လမှ ၇လ အတွင်းမှာ ချဉ်ခြင်း အလွန်ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ တစ်ဖြည်းဖြည်းချင်း ပြန်နည်းသွားတတ်ပါတယ်။ ဒီအချိန်အတောအတွင်းမှာ တစ်ချို့အစားအစာတေွကို မငြီးမငွေ့အရမ်းတောင့်တနေတတ်ပြီး တစ်ချို့အစားအစာတေွကို စဉ်းစားကြည့်ရုံနဲ့တင် ပျို့အန်ချင်နေတတ်ပါတယ်။ ဒီလို မစားချင်တာမျိုးဟာ မနက်ခင်းမှာ ပျို့အန်ခြင်းတေွနဲ့ တွဲပြီးတော့ ဖြစ်လာတတ်ပါတယ်။ ဒီလိုချဉ်ခြင်း တက်တာနဲ့ မစားချင်တာတေွဟာ တစ်ပြိုင်တည်းဖြစ်တတ်ပေမယ့် တစ်ခုနဲ့တစ်ခု ဘာမှမဆိုင်ပါဘူး။

ဘာကြောင့် ဖြစ်ရတာလဲ?
-------------------------------


ဖြစ်ရတဲ့ အကြောင်းအရင်းတေွကတော့

၁။ ဟော်မုန်းကိုယ်ဝန်ဆောင်အစပိုင်းတေွ
ဟော်မုန်းတေွ အပြောင်းအလဲဖြစ်ချိန်မှာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်မဆောင်ခင်မှာ ချော့လက်စားချင်စိတ်ဖြစ်နေရင် ကိုယ်ဝန်ဆောင်နေချိန်မှာလည်း ချော့ကလက်ကို ချဉ်ခြင်း တက်နေပါလိမ့်မယ်။


၂။ အာရုံခံစားမှု အပြောင်းအလဲ
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အရသာနဲ့ အနံ့ခံစားမှု အထူးအားကောင်းနေတာ ဒါမှမဟုတ် လုံးဝခံစားမှုမရှိတာမျိုးတေွ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်ချို့အစားအစာတေွကို လျာခံစားမှု အရမ်းကောင်းပြီးတော့ ခါးတဲ့အရသာ၊ ချဉ်တဲ့အရသာတေွ ခံစားရတတ်ပါတယ်။


၃။ အာဟာရဓာတ်လိုအပ်မှု
တစ်ချို့တေွရဲ့အဆိုအရ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တေွကို ချဉ်ခြင်းဖြစ်ပြီးတော့ ခန္ဓာကိုယ်အတွက် မကောင်းတာတေွကို မစားချင်ဖြစ်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ အရင်က အရမ်းကြိုက်ခဲ့တဲ့ ကော်ဖီတေွ၊ အရက်တေွကို ကိုယ်ဝန်ဆောင်ချိန် မခံနိုင်ဖြစ်နေတာဖြစ်တတ်ပေမယ့် ခန္ဓာကိုယ်အတွက် ကောင်းတဲ့ ဟင်းရွက်သုတ်တေွ၊ အုတ်ဂျုံတေွကိုလည်း မစားချင်ဖြစ်နေရတာကတော့ ဘာကြောင့်မှန်း မရှင်းပြနိုင်ပါဘူး။ သီအိုရီတစ်ခုမှာ လူတေွရဲ့စားပုံတေွဟာ သဘာဝနဲ့ ကင်းကွာလာတာကြောင့် ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တေွကို ဘာသာပြန်ရာမှာ ပုံမှန်အတိုင်း မပြန်တတ်တော့ဘူးလို့ ဆိုပါတယ်။ ဥပမာ ခန္ဓာကိုယ်မှာ ဗီတာမင်စီနဲ့ ကယ်လ်စီယမ်ဓာတ် လိုအပ်နေတဲ့အခါ ဒီလိုအပ်ချက်ကို ခန္ဓာကိုယ်က သခွားမေွးနဲ့ နို့ချဉ်ခြင်းအစား Oreoရေခဲမုန့်ကို ချဉ်ခြင်းတက်တတ်ပါတယ်။

၄။ စိတ်လုံခြုံစေမယ့်အစားအစာ
တစ်ချို့တေွက ကိုယ့်မေွးဖွားကြီးပြင်းရာဒေသက အစားအစာတေွကို ချဉ်ခြင်းတက်တတ်ပါတယ်။ ဥပမာ မြန်မာအမျိုးသမီးတစ်ယောက်ဟာ ထမင်းကို ချဉ်ခြင်းတက်တာမျိုးတေွဟာ အထူးသဖြင့် မီးဖွားခါနီးမှာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ ကိုယ်ချဉ်ခြင်းတက်နေတာကို မဆိုင်းမတွ စားခြင်းဖြင့် စိတ်ကို လုံခြုံစေနိုင်ပါတယ်။

ဘာလုပ်သင့်သလဲ?
-------------------

ကိုယ်ဝန်ဆောင်ချဉ်ခြင်တက်တဲ့အခါ အမြဲတမ်း ချိုးနှိမ်ထားလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အကျိုးသင့်အကြောင်းသင့် ကြိုးစား တုန့်ပြန်ရပါမယ်။ ဒီလိုချဉ်ခြင်းတက်တာတေွဟာ ၄လလောက်မှာ ပျောက်သွားတတ်ပေမယ့် မပျောက်ပဲ ဆက်ရှိနေရင် စိတ်ခံစားမှု လိုအပ်ချက်တေွ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ခင်ပွန်းနဲ့စကားစမြည်ပြောဆိုပြီး ခင်ပွန်းရဲ့ ချစ်ခင်ကြင်နာမှုတေွ ရယူပါ။ ပြီးရင် ဒီအချက်တေွကို လိုက်လုပ်ကြည့်ပါ။

၁။ ကိုယ်ဝန်ဆောင်ချဉ်ခြင်းတက်တဲ့အခါ ကိုယ်ခန္ဓာကို အကျိုးမပြုမယ့် အာဟာရမရှိတဲ့ အစားအစာတေွကို အများကြီးမစားပါနဲ့။ ဥပမာ ချော့ကလက်အကြီးကြီးမစားပဲ သေးသေးလေးပဲစားတာ၊ ဘရောင်နီကိတ်အများကြီးမစားပဲ ချော့ကလက်နို့တစ်ခွက်လောက်ပဲသောက်တာ မျိုးတေွလုပ်ပေးရပါမယ်။

၂။ ချဉ်ခြင်း မတရားတက်လာတဲ့အခါ အခြားစိတ်အပြောင်းအလဲဖြစ်မယ့် လမ်းလျောက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ စာဖတ်တာ၊ သူငယ်ချင်းနဲ့စကားပြောတာတေွ လုပ်ပြီးတော့ စိတ်အာရုံလွှဲလို့ရပါတယ်။

၃။ တစ်ခါတလေ အရက်ကလွဲလို့ အခြားစားချင်တာတေွကို စားပေးနိုင်ပါတယ်။ ဒါပေမယ့် ပြီးရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တာတေွပဲ ပြန်စားပေးပါ။

၄။ ကိုယ်ဝန်ဆောင်တဲ့အချိန် မစားချင် မသောက်ချင်ဖြစ်နေခဲ့ရင် မစားချင်တဲ့အစားအသောက်အစား အစားထိုးစားလို့ရတာလေးတေွ ရှာစားပါ။
ဘယ်အချိန်မှာဆရာဝန်နဲ့ပြသသင့်သလဲ?
--------------------------------------

မူမမှန်တဲ့ ချဉ်ခြင်းတွေဖြစ်တဲ့ ရွှံ့၊ ပြာ၊ ဆပ်ပြာ စတာတွေကို စားချင်တဲ့စိတ်ပေါ်လာခဲ့ရင်တော့ သံဓာတ်အားနည်း နေနိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့့ ချက်ခြင်း ပြသ ဆေွးနေွးသင့်ပါတယ်။ တကယ်လို့ မနက်ခင်းပျို့အန်တာတေွ မသက်သာခဲ့ရင်လည်း ဆရာဝန်နဲ့ ပြသပြီး ပျို့အန်ခြင်း ကို သက်သာစေမယ့် ဆေးတေွသောက်ဖို့ လိုပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေ။