ခြောက်လ အထက် ဘေဘီလေးတို့အတွက် အစာ မီနူး အမျိုးမျိုး

ခြောက်လ အထက် ဘေဘီလေးတို့အတွက် အစာ မီနူး အမျိုးမျိုး


ခြောက်လအထက်ဘေဘီလေးတွေအတွက်အစာမီနူးအမျိုးမျိုး❤
              ဘေဘီလေးတွေဟာ ပုံမှန်အားဖြင့်ခြောက်လအရွယ်ကစပြီး ဖြည့်စွက်စာ စ စားလို့ရလာပြီဖြစ်ပါတယ်။



ဖြည့်စွက်စာ စားနေပေမဲ့လည်း မိခင်နို့ ဒါမှမဟုတ် formula
ကိုလည်း ဆက်တိုက်သွားရပါမယ်။ဖြည့်စွက်စာနဲ့စတင်
မိတ်ဆက်ချိန်မှာတော့ နို့ရည်နီးပါးကျဲတဲ့ နို့ဆန်ပြုတ်ကျဲကျဲ
လေးကို တစ်ရက်တစ်ကြိမ် သုံးလေးရက်ကျွေးသင့်ပါတယ်။



အဲဒီကတစ်ဆင့် ဆန်နဲ့ ဝါစိမ်းနီ ဟင်းဟင်းရွက်ကို
တည့်မတည့်သိရအောင် တစ်မျိုး သုံးရက်စီစမ်းကျွေးပြီး
တည့်တယ် ကလေးကကြိုက်တယ်ဆို ဆန်နဲ့ ဝါစိမ်းနီ
နှစ်မျိုးသုံးမျိုးရောချက်ပြီး ကျွေးလို့ရသွားပါပြီ။



            ကျွန်မကတော့ ready madeဆန်မှုန့်တွေထက်
Homemade ကိုပဲ ချက်ကျွေးဖို့ အကြံပြုချင်ပါတယ်။Readymadeဖြည့်စွက်စာတွေကို အကြာကြီးကျွေးရင်
ကလေးက Homade ချက်ကျွေးတဲ့အခါ မစားချင်တာ/ကျွေးရခက်တာမျိုး ဖြစ်လာတတ်ပါတယ်နော်။
        ခြောက်လကနေခုနှစ်လကြား ဘေဘီလေးတွေကိုတော့ လောဘကြီးပြီး အစာအမျိုးအများကြီး မကျွေးသင့်
သေးပါဘူး။တချို့ကလည်း သူ့အစာမီနူးထဲမှာ ဆန်မပါရင်
/ထမင်းမပါရင် မဖြစ်ဘူးဆိုပြီး ထမင်းနေ့တိုင်းကျွေးတတ်
ကြပါတယ်။



တခါတလေကျရင်တော့ ထမင်းမပါတဲ့
ဝါစိမ်းနီဟင်းအရသာသိအောင် ဟင်းချည်းပဲကို Blender
နဲ့ကြိတ်ပြီး ကျွေးလည်း ကလေးက ဗိုက်ပြည့်ပြီး အာဟာရရှိပါတယ်လို့ အကြံပေးချင်ပါတယ်။
        အမေရိကားမှာ မေမေတွေကHomemade babyfoodတွေကျွေးတဲ့အခါ ဝါစိမ်းနီဟင်းသီးဟင်းရွက်တွေချည်းပဲ ပေါင်းကြိတ်ပြီး ကျွေးကြပါ
တယ်။ဆန်ကိုတော့ တခါတလေမှ ရောချက်ကြပါတယ်။



ခြောက်လအထက်ဘေဘီလေးတွေရဲ့အစာမီနူးအတွက်
သားကိုကျွေးတုန်းက မီနူးလေး နမူနာအနေနဲ့ ရိုက်ထားတာ
တွေမို့ တစ်ပုံချင်းစီမှာ ဘယ်အရွယ်မှာ စ ကျွေးရမလဲဆိုတာလေးတွေ ရေးပြထားပါတယ်ရှင်။အသီးတွေကတော့
အသီး Pureeပြုလုပ်နည်း Postတင်ထားပြီးသားမို့ပါနော်။
      ခြောက်လခွဲလောက်မှာတော့ ဝါစိမ်းနီ ကို ချက်ပြုတ်ကျွေးလို့ရပါပြီ။ပုံထဲမှာ မပါတဲ့ မီနူးတွေအပြင်
(၁)ဆန်+ဟင်းနုနွယ်
(၂)ဆန်+ပန်းဂေါ်ဖီစိမ်း
(၃)ဆန်+ဖရုံသခွါး စတာတွေနဲ့လည်း မိတ်ဆက်ပြီးကျွေးလို့ရပါတယ်ရှင်။






crd