လူသိနည်းတဲ့ ကလေးကို လေထုတ်ပေးတဲ့ နည်းလမ်း အသစ်များ

လူသိနည်းတဲ့ ကလေးကို လေထုတ်ပေးတဲ့ နည်းလမ်း အသစ်များ


ကလေး လေထုတ်ပေးတဲ့ နည်းလမ်းပုံစံများ

လေထုတ်ပေးတယ်ဆိုတာ ကလေးလေးတွေရဲ့ အစာအိမ်ထဲ မှာရှိနေတဲ့ လေကိုထုတ်ပေးတာပါ။ #တချို့မေမေတွေကလေးနို့အန်တယ်ဆိုပြီးပြောနေတာကောင်းကောင်းလေထုတ်မပေးတတ်လို့ပါပါတယ်။ ကလေးကို လေထုတ်ပေးဖို့ အကောင်းဆုံးအချိန်ကတော့ နို့စို့ပြီး သို့မဟုတ် နို့စို့နေစဉ်အတွင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးနို့စို့စဉ် အပြင်က လေအပိုတွေကိုပါ နို့နဲ့ အတူ စုပ်ယူသလို ဖြစ်လို့ပါ။ လေထုတ်ပေးခြင်းဟာ အဲဒိလေ တွေကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်။ အဲဒါမှ ကလေးက ကောင်းကောင်း နို့စို့နိုင် အစာစားနိုင်မှာ ဖြစ်သလို နေရတာလည်း သက်တောင့်သက်သာရှိမှာဖြစ်ပါတယ်။ ကလေးလေထုတ်တာ ပုံစံ မျိုးစုံလုပ်ပေးလို့ရပါတယ်။


▪️ပုခုံပေါ်တင်ပြီး လေထုတ်နည်း
ကလေးကို ချီပြီး မျက်နှာကို ပုံခုံးပေါ်တင်ထားလိုက်ပါ။ တကယ်လို့ ကလေးက တနှစ်အောက်ဆိုရင် ပုခုံခေါ်မှာ အဝတ်ခံပေးထားလို့ရပါတယ်။ တခါတလေ အစာအနည်းငယ် ပြန်ထွက်လာတတ်လို့ပါ။ ဒါပေမဲ့ အဲဒါမျိုးက ပုံမှန်ပါ။


ကလေးရဲ့ နောက်ကျောကို လက်ကောက်ဝတ် အားနဲ့ပဲ ဖြည်းဖြည်းပုတ်ပေးပါ။ ကျောကုန်းကို ပွတ်ပေးလို့ ရပေမယ့် သိပ်ပြီးမထိရောက်ပါ။ 
ပုံမှန် လေတက်တဲ့ အသံမျိုးထွက်ပြီးဆို ရပ်လို့ရပါပြီ။တခါတလေ နှာချေသံ၊ အင့်ခနဲမြည်သံ မျိုးလည်း ထွက်တတ်ပါတယ်။

▪️ထိုင်ပြီး လေထုတ်နည်း
ကလေးကို မိမိ ပေါင်နှစ်ခုကြားမှာ ထိုင်ခိုင်းပါ။ အစာပြန်ထွက်လာတာမျိုး ဖြစ်တတ်တာမလို့ အဝတ်ပိုင်းတခုကို ကလေးရှေ့နားမှာ ချပေးထားပါ။ မိခင် လက်တဖက်က ကလေးရဲ့ ရင်ဘတ်ကို ထိန်းပေးထားပြီး ကျန်တဖက်က နောက်ကျောကို ဖြည်းဖြည်းပုတ် သို့မဟုတ် ပွတ်ပေးလို့ရပါတယ်။ ကလေးလေ ထုတ်ဖို့ အဲဒိလိုမျိုး မိနစ်အတော်ကြာပြုလုပ်ပေးရတတ်ပါတယ်။
လေထွက်သွားပြီဆိုလျှင် နို့တိုက်လက်စဖြစ်နေပါက ပြန်တိုက်လို့ရပါပြီ

▪️ဝမ်းလျားမှောက်ပြီး လေထုတ်နည်း


ကလေးကို မိခင် ပေါင်ပေါ်မှာ ဝမ်းလျားမှောက်ပြီးထားပါ။ မိခင် လက်တဖက်က ကလေးရဲ့ ရင်ဘတ်နဲ့ လည်ပင်းကို ထိန်းပေးထားပြီး ကျန်လက်တဖက်နဲ့ နောက်ကျောကို ဖြည်းဖြည်း ပုတ် သို့မဟုတ် ပွတ်ပေးပါ။ အဲလို လုပ်ပေးရတာ ကလေးပေါ်မှာ မူတည်ပြီး မိနစ် အတော်ကြာ တတ်ပါတယ်။ ကလေး နို့တိုက် တိုင်းတော့ လေထုတ်ပေးဖို့ မလိုပေမဲ့ ကလေးက လူးလွန့်နေတယ် မအိမသာ ဖြစ်နေတယ် ဆိုရင် လေထုတ်ပေးပြီးမှ သာ နို့ဆက်တိုက်ပေးပါ။

Credits: