ညဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာဖို့ လုပ်ပေးရမည့်အရာများ

ညဏ်ကောင်းတဲ့ ဘေဘီလေး မွေးဖွားလာဖို့ လုပ်ပေးရမည့်အရာများ

 


ဉာဏ်ကောင်းတဲ့ baby လေးတွေမွေးဖွားလာဖို့အတွက် မေမေဗိုက်တို့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဘာတွေလုပ်ပေးလို့ရမလဲ ??? 

ကျန်းမာပီး ကိုယ်လက်အင်္ဂါ ပြည့်စုံစွာနဲ့ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်တဲ့ ကလေးလေး မွေးဖွားလာဖို့က ကိုယ်ဝန်ဆောင်မေမေတိုင်းရဲ့ အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်မှာပါ 💕


ရူပါကိုယ်တိုင်လဲ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ ကလေးဉာဏ်ကောင်းဖို့အတွက် လုပ်လို့ရမျှလုပ်ခဲ့တဲ့ မိခင်တယောက်မို့ ရှာဖွေလေ့လာဖတ်ရှုခဲ့သမျှတွေကို အခုကိုယ်ဝန်ဆောင်နေတဲ့ မေမေဗိုက်တို့ကိုလက်ဆင့်ကမ်းမျှဝေပေးချင်ပါတယ် 🥰

၁- အစားအသောက်ကို အဟာရမျှတစွာစားသုံးမယ် 🤰🏻



ဗီတာမင်တွေစုံလင်တဲ့အစားအသောက်တွေကိုရွေးချယ်စားသုံးခြင်းဖြင်း baby လေးရဲ့ brain development system ကို အထောက်အကူဖြစ်စေပါတယ် 
သတိထားစားပေးသင့်တာတွေက 
-ငါး ( omega 3 ပါဝင်ပီး တပတ်မှာ ၂ ကြိမ်လောက်စားပေးသင့်ပါတယ်)
-အစိမ်းရောင်အရွက်များ( folic acid ကြွယ်ဝစွာပါဝင်ပါတယ်)
-ကြက်ဥ ( protein ဓာတ် နဲ့ Amino acid ပါဝင်ပါတယ်)
-Almond ဗာဒံစိ ( healthy-fats ဖြစ်ပီးတော့ magnesium,Vitamin E,Protein ဓာတ်တွေပါဝင်ပါတယ်)
-ဒိန်ချဉ် ( probiotic ဖြစ်ပီးတော့ calcium, iodine ပါဝင်ပါတယ်)
-cheese (Vitamin D ပါဝင်ပါတယ်)
-ဖရုံစေ့( Zinc ပါဝင်ပါတယ်)
-ပဲအမျိုးမျိုး ( Iron နဲ့ protein ပါဝင်ပါတယ်) 

၂- Pregnancy exercise လုပ်မယ် 🧘🏼‍♀️



မေမေက ကိုယ်ဝန်ဆောင်နေချိန်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါမှာ Endorphins ဆိုတဲ့ ဟော်မုန်းဓာတ်ခန္ဓာကိုယ်ထဲမှာထွက်လာပါတယ် 
အဲ့ဓာတ်က ဗိုက်ထဲမှာရှိတဲ့ baby လေးရဲ့ brain development function တွေကို မြှင့်တင်ပေးပီး ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်နော် 
အများကြီးလုပ်ပေးစရာမလိုပါဘူး တပတ်ကို ၃ ကြိမ်လောက်နဲ့ တခါလုပ် မိနစ် ၂၀ ဆိုရင်ပဲလုံလောက်ပါပီ 💕

၃- Stress တွေကို တတ်နိုင်သလောက်လျှော့ချကြမယ်💁🏻‍♀️


Stressတွေအရမ်းများရင် မေမေအတွက်ရော ဗိုက်ထဲက baby လေးအတွက်ရော မကောင်းပါဘူးနော် 
သုတေသနတော်တော်များများမှာလဲ ကိုယ်ဝန်ဆောင်နေစဉ် stress အရမ်းများရင် baby လေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အနှာက်အယှက်ဖြစ်စေပါတယ် ဖော်ပြချက်ရှိလို့ မေမေတို့ စိတ်ဖိစီးမှုကိုလျှော့ချဖို့လိုအပ်ပါတယ်
စိတ်အေးအေးထားပီးဖြေရှင်းတတ်တဲ့ အကျင့် နဲ့ တရားထိုင် တရားမှတ် ဘုရားတရားလုပ်ခြင်းတွေကို အကျင့်လုပ်ပေးခြင်းက တကယ်ကိုအကျိုးရှိစေမှာပါ 💕

၄-ဗိုက်ထဲက baby လေးကို မကြာမကြာစကားပြောပေးမယ် 🙆🏻‍♀️


ဒီအကျင့်လေးက ကိုယ်ဝန်ဆောင်နေချိန်မှာ အကြည်နူးရဆုံးအကျင့်လေးပါပဲ 
စစချင်းမှာပြောရတာကြောင်တောင်တောင်နိုင်သလိုဖြစ်နေပေမယ့် နောက်ပိုင်းကျင့်သားရလာတဲ့အခါ ဗိုက်ကလေး က ကိုယ့်အတွက် ဝမ်းနည်းဖော် ဝမ်းသာဖော်ဖြစ်လာပါလိမ့်မယ်🥰
ဒီလိုပြောပေးခြင်းအားဖြင့် baby လေးက မေမေ့ရဲ့ အသံကို သေချာပေါက်မှတ်မိနေမှာပါ 
ပြီးတော့ ဘာသာစကားလေ့လာတဲ့ skill လဲ တိုးတတ်စေနိုင်ပါတယ် 
မွေးပီးလို့ အပြင်ထွက်လာရင်လဲ မေမေဗိုက်ထဲမှာ စကားပြောပေးလေ့ရှိတဲ့ ကလေးတွေက စကားပြောပိုစောတတ်ကြပါတယ်တဲ့ 💕

၅- မကြာမကြာသီချင်းဖွင့်ပြမယ် 🎶


တီးလုံးသံလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှုတွေကို အများကြီးအထောက်အကူဖြစ်စေပါတယ် 
Piano သံ baby nursery song လေးတွေကို ဗိုက်နဲ့ မလှမ်းမကမ်းမှာထားပီးဖွင့်ပေးခြင်းဖြင့် baby လေးတွေရဲ့ ဦးနှောက်စတင်ဖွံ့ဖြိုးမှုကို များစွာကူညီပေးပီး Neuron cell တွေကိုလဲ လှုံဆော်ပေးပါတယ်
ပီးတော့ baby လေးတွေက ဗိုက်ထဲရှိစဉ်ကြားခဲ့တဲ့ သံစဉ်တွေကို မွေးပီး ၄ လ အထိမှတ်မိတတ်ကြပါတယ်တဲ့ 🥰

၆-ဆေးလိပ်နဲ့ အရက်သောက်ခြင်းကိုလုံးဝရှောင်ကြမယ် 🙅🏻‍♀️


ဒါကတော့ မေမေတို့သိပီးသားဖြစ်မှာပါ
ဆေးလိပ်နဲ့ အရက်မှာပါတဲ့ chemical တွေက သန္ဓေသားကို များစွာသော syndrome တွေဖြစ်စေနိုင်တဲ့ တကယ်အန္တရာယ်တွေပါနော် 
Baby လေးတွေရဲ့ ဦးနှောက်ကို အများကြီး ထိခိုက်မှုရှိစေနိုင်လို့ လုံးဝရှောင်သင့်ပါတယ် 

ဒါကတော့ ရူပါတုန်းကလဲလုပ်ဖြစ်ခဲ့တဲ့ နည်းလမ်းလေးတွေပါမေမေတို့ရေ 
ခက်ခဲတာမျိုးမပါတဲ့အတွက် လုပ်ရလွယ်ကူလိမ့်မယ်လို့ထင်ပါတယ်နော်  
အထောက်အကူဖြစ်လိမ့်မယ်လို့လဲ မျှော်လင့်ပါတယ် 
မေမေတို့ ကျန်းမာပီးဉာဏ်ရည်ထက်မြတ်တဲ့ baby လေးတွေ မွေးဖွားနိုင်ပါစေလို့လဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်🥰

*လွတ်လပ်စွာ share နိုင်ပါသည်✔️
စာများကို ကူးယူ ဖော်ပြခြင်းသည်းခံပါရှင် ✖️

#TheMWorld
#babybraindevelopment
#ကိုယ်ဝန်ဆောင်
#ဦးနှောက်ဖွံ့ဖြိုးမှု 

Ref: Byram Healthcare