ကိုယ်ဝန်ဆောင်စဥ် ရှောင်ရှားရမည့်အရာများ

ကိုယ်ဝန်ဆောင်စဥ် ရှောင်ရှားရမည့်အရာများ

 


ကိုယ်ဝန်ဆောင်နေစဉ် ရှောင်ရှားရမည့်အရာများ

ကိုယ်ဝန်ဆောင်ချိန်ဆိုသည်မှာ ပုံမှန်အချိန်လိုမျိုး မဟုတ်ဘဲ ရင်သွေးငယ်လေးအတွက်ပါ အန္တရာယ်ကင်းရန်အတွက် စဉ်းစားပေးရတဲ့အတွက် မည်သည့်အရာများကို ဆောင်သင့် မည်သည့် အရာများကို ရှောင်သင့်ကို သိရှိရန်လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ရှောင်ရှားရမယ့် အစားအစာများကို သိကြသော်လည်း အခြားသင်မသိနိုင်လောက်တဲ့ အရာလေးများကို ဖော်ပြပေးလိုက်ရပါသေးတယ်။



ရေနွေးနှင့် ရေချိုးခြင်းမျိုးဟာ တကယ်တော့ အရမ်းကို အပန်းပြေတဲ့ ကိစ္စ တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် အချိန်မျိုးမှာ ရေနွေးပူပူနှင့်ရေချိုးခြင်းကြောင့် ကိုယ်ခန္ဓာအပူချိန် တက်ခြင်းကြောင့် သွေးအတွင်း ဖိအားကျဆင်းခြင်းများဖြစ်နိုင်ပြီး ကလေးငယ်အတွက် သယ်ဆောင်သွားသော အောက်ဆီဂျင်နှင့် အာဟာရဓာတ်များပို့ဆောင်ခြင်းမှာ အခက်အခဲဖြစ်စေ နိုင်ပါတယ်။ ထို့အတွက် ရေနွေးပူပူနဲ့ရေ မကြာခဏချိုးခြင်းက ကလေးပျက်ကျခြင်း၊ အားနည်းခြင်း၊ နဲ့ မူးဝေခြင်းများ ဖြစ်စေနိုင်ပါတယ်။



ကိုယ်ဝန်ဆောင်နေစဉ် အသီးဖျော်ရည်များသောက်ခြင်းကို လည်း အလွန်အကျွံမလုပ်သင့်ပါဘူး။ အသီးဖျော်ရည်များမှာ ပါဝင်တဲ့ သကြားဓာတ်ကြောင့်ပဲဖြစ်ပါတယ်။ အသီးဖျော်ရည်များသောက်သုံးခြင်းထက် အသီးများကို လတ်လတ်ဆတ်ဆတ် စားသုံးခြင်းက ပို၍ ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ အသီးဖျော်ရည်များမှာ သကြားဓာတ်များပြားပြီး အမျှင်ဓာတ်နည်းသောကြောင့် ကျန်းမာရေးကောင်းကျိုးထက် ဆိုးကျိုးကိုသာပို၍ပေးနိုင်ပါတယ်။


ကိုယ်ဝန်ဆောင်နေစဉ်မှာ ဝဲဘက်ကို လှည့်၍ အိပ်ခြင်းကို တိုက်တွန်း ညွှန်ကြားထားပါတယ်။ ညောင်းညာခြင်းများရှိတဲ့ အချိန်မျိုးမှာ လှည့်ခြင်းများပြုလုပ်နိုင်သော်လည်း ပက်လက်အနေအထားနှင့် အိပ်စက်ခြင်းမျိုးကိုတော့ ရှောင်ကြဉ််သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ပက်လက်လှန်အိပ်ခြင်းက ကျောနာခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ သွေးပေါင်ချိန်ကျခြင်း တို့ဖြစ်နိုင်ပါတယ်။ ဘေးတစ်စောင်းအိပ်စက်ခြင်းက သန္ဓေသားဆီသို့သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေပါတယ်။

အသားအရည်ကို ထိန်းသိမ်းသည့် ထုတ်ကုန်ပစ္စည်းများအသုံးပြုခြင်းကိုလည်း ရှောင်ရှားသင့်ပါသေးတယ်။ စားသုံးလိုက်ခြင်းမျိုးမဟုတ်တဲ့အတွက် ကိုယ်ခန္ဓာအတွင်းဝင်နိုင်ပါ့မလားဆိုတာမျိုး မေးခွန်းထုတ်စရာရှိသော်လည်း ကိုယ် ခန္ဓာက စုပ်ယူမှုတော့ရှိနေပါသေးတယ်။ စုပ်ယူသွားသော အရာများကလည်း ကလေးငယ်လေးရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်ကောင်းထိခိုက်နိုင်ပါတယ်။ ထို့အတွက် ကိုယ်ဝန်ဆောင်နေစဉ်မှာတော့ ရှောင်ရှားသင့်ပါတယ်။