ကိုယ်ဝန်ဆောင်မေမေတိုင်း ငွေ ၁ဝ၀၀၀၀ ရမယ်ဆိုတဲ့ကိစ္စ

ကိုယ်ဝန်ဆောင်မေမေတိုင်း ငွေ ၁ဝ၀၀၀၀ ရမယ်ဆိုတဲ့ကိစ္စ


အခုတလော Group တွေမှာ ကိုယ်ဝန်ဆောင် မေမေ တွေအတွက် အထူးအခွင့်အရေးကို အစိုးရက ပေးလိုက်ပါပြီ လို့တင်နေကြသလို ပုဂ္ဂလိက ကလဲ ပေးနေပါတယ်ဆိုပြီးတွေ့လာရပါတယ်။


တစ်ချို့က ၁၀၀၀၀ တစ်ချို့က ၁၀၀၀၀၀ ဆိုပြီး အမျိုးမျိုး တင်နေကြပါတယ်။ ဟုတ်မဟုတ်လဲ ပို့စ်တင်ပြီး ခဏခဏ မေးနေကြလို့ တင်ပေးလိုက်ပါတယ်။


ပေးလားဆိုရင်တော့ပေးပါတယ်။ ကိုယ်ဝန်အပ်တဲ့အခါ သက်ဆိုင်ရာ ကျန်းမာရေးဌာနက ၁၀၀၀၀ လောက်ပဲပေးတာပါ။နောက်ပြီး ခွဲမွေးတဲ့အခါ မိခင် ကျန်းမာရေးမကောင်းတာတို့ ကလေးကို ဓာတ်ကင်ရတာတို့ဆိုရင် မြို့နယ် ခရိုင်က ကျန်းမာရေးမှူးများရုံးက ပေးပါတယ်။ ရက်အခြေအနေကိုလိုက်ပြီးပေးတာမို့ ငါးသောင်း တစ်သိန်း စသည်ဖြင့် တစ်ခါရပါတယ်။

အခုလိုင်းပေါ်က ကိစ္စ တွေကတော့ မပေးပါဘူး။ တကယ်လဲ မဟုတ်ပါဘူး။ လူလိမ်တွေပါ။ ပေးတယ်ဆိုပြီး ငွေအရင်ကြိုလွဲခိုင်းတတ်တာတို့ လုပ်ခိုင်း မှာပါ။ မလုပ်မပေးပါနဲ့။ လူလိမ်တွေချည်းပါ။

ကျေးဇူးတင်ပါတယ်။