ကလေးလေးမှာပါးချိုင့်ပါရခြင်းအကြောင်း

ကလေးလေးမှာပါးချိုင့်ပါရခြင်းအကြောင်း


ပါးချိုင့်လေးတွေနဲ့ ချစ်စရာကောင်းသူတွေကို မြင်ဖူးတွေ့ဖူးကြမှာပါ။ တစ်ကယ်တမ်းတော့ ပါးချိုင့်ရှိနေခြင်းက ဆေးပညာသဘောအရ မျိုးဗီဇချို့ယွင်းချက်တစ်ခု ဖြစ်ပါတယ်။ သန္ဓေသားလောင်းရဲ့ အစောပိုင်းအဆင့်မှာ မျိုးဗီဇဖွံ့ဖြိုးတိုးတက်မှု မမှန်ခဲ့တာကြောင့် ပါးပြင်မှာ အချိုင့်လေးတွေ ရှိနေတာလို့ ဆိုပါတယ်။ 




ပါးချိုင့်ရှိခြင်းက မျိုးဗီဇချို့ယွင်းချက်လို့ ဆိုပေမဲ့ သင့်မှာ ပါးချိုင့်ရှိနေလို့တော့ စိုးရိမ်ပူပန်စရာ မလိုပါဘူး။ ပါးချိုင့်ရှိနေခြင်းက ခန္ဓာကိုယ်အတွက် ဆိုးကျိုးသက်ရောက်မှု လုံးဝ မရှိတာကြောင့် ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ သန္ဓေသားလောင်းအဖြစ် ရှိနေစဉ်မှာပင် သူတို့ရဲ့ပါးပြင်မှာ ပါးချိုင့်ပါ မပါ သိနိုင်နေပြီလို့ ဆိုပါတယ်။ 




ပါးချိုင့်ပါသူတွေက ရယ်လိုက်တဲ့အခါ သူတို့ရဲ့ပါးချိုင့်လေးတွေ ပေါ်လာတတ်ပြီး အလှအပတစ်ခုအဖြစ် ထင်ပေါ်စေပါတယ်။ ပါးချိုင့်ရှိခြင်း မရှိခြင်းဟာ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။




အများအားဖြင့် ပါးချိုင့်ရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးတွေမှာလည်း မျိုးဗီဇအမွေအဖြစ် ပါးချိုင့်ရှိနေတာ တွေ့ရမှာပါ။ လူတွေမှာ ပါးချိုင့်တစ်ဖက်တည်းမှာ ရှိနေတာများပြီး အနည်းစုမှာသာ ပါးပြင်နှစ်ဖက်လုံးမှာ ပါးချိုင့်ပါရှိနေတတ်တာ ဖြစ်ပါတယ်။




ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။