ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား

ကိုယ်က အမြွှာမွေးနိုင်ခြေ များတဲ့ လူတစ်ယောက်လား



ကိုယ်ဝန်ဆောင်တဲ့ အခါ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေ လိုချင်တဲ့သူပိုများကြပါတယ်။ ဗိုက်လည်းတစ်ခါပဲ အနာခံရတယ်၊ ကလေးက ၂ ယောက်တောင်ရမှာ။ ပြီးတော့ အမြွှာလေးတွေဆိုတော့ ကလေးအချင်းချင်းလည်း ကစားဖော်ကစားဖက်ရှိတော့ သူတို့လည်း မပျင်းရတော့ဘူးလေ။ နောက်ပိုင်းမှာ ကလေးတစ်ယောက်တည်းထက် အမြွှာလေးတွေမွေးတာကလည်း ပိုခေတ်စားလာတာဆိုတော့ ကိုယ်က အမြွှာမွေးနိုင်ခြေ များသလားဆိုတာ သိထားသင့်တယ်နော်။ ။



အမြွှာမွေးနိုင်ခြေ များသလားဆိုတဲ့ အပေါ် ဘယ်လိုအချက်တွေက သက်ရောက်တာလဲ ။ ။


မျိုးရိုး
မျိုးရိုးထဲမှာ အမြွှာလေးမွေးထားတဲ့သူရှိတဲ့အခါ ကိုယ့်မှာလည်း အမြွှာလေးမွေးနိုင်ခြေ များပါတယ်။ အထူးသဖြင့် အမေဘက်က အဒေါ်တွေ အဖွားတွေက အမြွှာလေးမွေးဖူးထားရင် ကိုယ်လည်း အမြွှာမွေးနိုင်ခြေ ရှိပါတယ်။


လူမျိုး 
အနောက်တိုင်းသားတွေက အာရှသားတွေထက် အမြွှာလေးတွေ မွေးနိုင်ခြေ ပိုများပါတယ်။ အနောက်နိုင်ငံသားတွေထဲကမှ လူမည်းတွေက လူဖြူတွေထက် အမြွှာမွေးနိုင်ခြေ ပိုများပါတယ်



ကလေးအများကြီးမွေးထားတဲ့အခါ
ရှေ့မှာ ကလေးတွေ အများကြီးမွေးထားတဲ့သူတွေကပိုပြီး အမြွှာလေးတွေ မွေးနိုင်ခြေ ပိုများပါတယ်။ ကလေး ၈ ယောက်လောက်မွေးပြီးတဲ့သူတွေက အမြွှာမွေးနိုင်ခြေ ပိုများပါတယ်။

အသက်ကြီးတဲ့ အမျိုးသမီးတွေ
လေ့လာချက်တွေအရ အသက် ၃၅ နှစ်ကျော်တဲ့အခါ တစ်လကို သားဥ နှစ်လုံးလောက်ကြွေတတ်တာကြောင့် ၃၅ နှစ်နောက်ပိုင်း ကိုယ်ဝန်ဆောင်တဲ့ အမျိုးသမီးတွေက အမြွှာမွေးနိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။


ကိုယ်အလေးချိန်
BMI 25နဲ့ အထက်ဆိုရင် ဝနေတယ်လို့ သတ်မှတ်ကြပြီး BMI 30 ကျော်နေပြီဆိုရင်တော့ အဝလွန် နေတယ်လို့ဆိုကြပါတယ်။ ဒီလို အဝလွန်တာမှာ မကောင်းတာတွေများပေမယ့် အမြွှာကိုယ်ဝန်ဆောင်နိုင်ခြေ အခြားသူတွေထက်ပိုများတယ်ဆိုတဲ့ အချက် တစ်ချက်တော့ရှိပါသေးတယ်။ အထူးသဖြင့် non-identical twin ရုပ်ချင်းမတူတဲ့ အမြွှာလေးတွေ မွေးနိုင်ခြေပိုများပါတယ်။