ကိုယ်ဝန်ဆောင်မေမေ နှင့် အုန်းရေသောက်ခြင်း

ကိုယ်ဝန်ဆောင်မေမေ နှင့် အုန်းရေသောက်ခြင်း


ကိုယ်ဝန်ဆောင်ချိန် အုန်းစိမ်းရည်သောက်ခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) ဆီးရွှင်စေတယ်။
 

 
အုန်းစိမ်းရည်က ဆီးရွှင်စေနိုင်တဲ့ သဘာဝဖျော်ရည် တစ်မျိုးပါ။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ အခြား သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ဆီးသွားဖို့ လှုံ့ဆော်ပေးပါတယ်။
 
ဆီးသွားတာက ကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ ကျောက်ကပ်မှာ ကျောက်တည်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ကျောက်ကပ် ပိုးမဝင်စေဖို့လည်း ကာကွယ်ပေးပါတယ်။ ဆီးလမ်းကြောင်း ပိုးမဝင်အောင် ကာကွယ်နိုင်တာကြောင့် လမစေ့ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
 
(၂) ဘေဘီလေးကို ဖွံ့ဖြိုးစေတယ်။


လေ့လာမှုတွေအရ အုန်းစိမ်းရည်က သန္ဓေသား ဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါဝင်နေပါတယ်။ မိခင်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးနိုင်သလို ဘေဘီလေးရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကိုလည်း ထောက်ကူပေးပါတယ်။
 
(၃) ရေမြွာရည် တိုးစေနိုင်တယ်။

အုန်းစိမ်းရည် သောက်တာ အထူးသဖြင့် တတိယသုံးလပတ်ကာလမှာ သေ

ာက်သုံးတာက ရေမြွာရည် တိုးစေနိုင်သလို သွေးပမာဏ တိုးစေပြီး သွေးလည်ပတ်မှု ကောင်းစေနိုင်ပါတယ်။
 
(၄) ကိုယ်ခံအား ကောင်းစေနိုင်တယ်။
  
ကိုယ်ဝန်ဆောင်ချိန်မှာ ပျို့အန်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကြောင့် ရေဓာတ်ဆုံးရှုံးမှုတွေ များတာကြောင့် electrolytes တွေ ပြည့်ပြည့်ဝဝ ရရှိဖို့ လိုအပ်ပါမယ်။

 
ဒီပြဿနာကို သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ အုန်းစိမ်းရည်က အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ အကြောင်းကတော့ အုန်းစိမ်းရည်မှာ ကိုယ်ဝန်ဆောင်မေမေတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေ ဖြစ်တဲ့ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ phosphorus တို့ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေနိုင်သလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
 
(၅) ရင်ပူတာကို သက်သာစေနိုင်တယ်။

 ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲတာကြောင့် ရင်ပူတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေကို ခံစားရနိုင်ပါတယ်။ အုန်းစိမ်းရည်ကအစာခြေစနစ်ကို ကျန်းမာစေနိုင်သလို pH ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။
 
(၆) သွေးပေါင် ထိန်းညှိပေးနိုင်တယ်။
  

​သွေးတိုးတတ်မယ် ဒါမှမဟုတ် ကိုယ်ဝန်ဆောင် သွေးတိုး ခံစားနေရမယ်ဆိုရင် အုန်းစိမ်းရည် သောက်ပေးလို့ ရပါတယ်။ အုန်းစိမ်းရည်မှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ကို ထိန်းညှိပေးပြီး သွေးမတိုးစေဖို့ ကာကွယ်ပေးပါတယ်။
 
ကဲ …….ကိုယ်ဝန်ဆောင်မေမေ အုန်းစိမ်းရည် သောက်လို့ ရလား …. ဆိုတော့ သောက်လို့ရတဲ့အပြင် အခုလိုအကျိုးကျေးဇူးလေးတွေကိုပါ ရရှိစေနိုင်မှာပါ။

#crd 
#janbomommy