ကိုယ်ဝန်အပတ်ရေ တွက်ချက်ခြင်း

ကိုယ်ဝန်အပတ်ရေ တွက်ချက်ခြင်း


✅ကိုယ်ဝန်အပတ်ရေတွက်နည်း
▪️▪️▪️▪️▪️▪️▪️▪️▪️▪️

အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက်ဟာ 
menstrual cycle (ရာသီစက်ဝန်း) မတူတဲ့အတွက် ovulation day လို့ခေါ်တဲ့ သားဥကြွေပြီး 
သန္ဓေအောင်တဲ့ရက်က အတိအကျမတူညီကြပါဘူး။

အဲ့တာကြောင့် ကိုယ်ဝန်အပတ်အရေအတွက်ကိုသိချင်တဲ့အခါ "နောက်ဆုံးရာသီပေါ်ခဲ့တဲ့ပထမဆုံးရက်" ( LMP Last menstrual period) ကနေစပြီးတွက်ကြပါတယ်။ 
ဒါကြောင့် ကျမတို့ကိုယ်ဝန်စရှိပြီလို့ထင်တဲ့အချိန်မှာ ကိုယ်ဝန်အပတ်က ရှိရမဲ့အပတ်ရေထက် ၂ပတ်များနေတာဖြစ်ပါတယ်။ 







LMP ကိုသာသေချာမှတ်ထားပါ။ LMP မှတ်မိရင် အလွယ်တစ်ကူ pregnancy calculator နဲ့လဲကိုယ်ဝန်အပတ်ရေကိုတွက်လို့ရပါတယ်။ ဒီအောက်မှာ လင့်ခ်လေးပေးထားပါတယ်။ 

( Pregnancy weeks and EDD estimated due date calculator https://www.whattoexpect.com/due-date-calculator/ ) 

ခန့်မှန်းမွေးရက် Estimated due date တွက်နည်း ✅
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကိုယ်ဝန်ဆောင်ကာလကြာချိန်ကတော့ 
အပတ် ၄၀ခန့်ကြာမြင့်ပါတယ်။ 
ကိုယ်ဝန်ကိုလနဲ့ ရေတွက်တာထက် အပတ်နဲ့ရေတွက်တာက ပိုပြီး due date ကိုခန့်မှန်းရလွယ်ကူပါတယ်။ 



Estimated Due date (EDD) ခန့်မှန်းချေ 
မွေးမည့်နေ့ဟာ နောက်ဆုံးရာသီပေါ်တဲ့ ပထမဆုံးရက်မှ အပတ် ၄၀ မြောက်လို့သတ်မှတ်လို့ရပါတယ်။ 
ပုံမှန်အားဖြင့် ကိုယ်ဝန် ၃၇ ပတ်မှ ၄၂ ပတ်အတွင်း မီးဖွားလေ့ရှိပါတယ်။ 
မီးဖွားမဲ့ရက်က Estimated due date ကို ၂ပတ်တိုး/လျော့ နိုင်ချေရှိပါတယ်။ 
၃၇ပတ်မှ ၄၂ပတ် ကာလအတွင်းမှာမွေးရင် နေ့စေ့လစေ့ (Full term) ဖြစ်ပြီး ၃၇ပတ်မတိုင်ခင်မွေးရင်တော့ လမစေ့ (preterm) လို့ခေါ်ပါတယ်။


ကိုယ်ဝန်လအရေအတွက် တွက်နည်း✅
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

ကိုယ်ဝန်စရှိပြီဆိုတာနဲ့ Trimester ( ကိုယ်ဝန်၃လကာလအပိုင်းအခြား ) ၃ခုကိုကျော်ဖြတ်ရမှာဖြစ်ပါတယ်။ သူတို့ကိုတော့...

✔️1st Trimester ( ကိုယ်ဝန်အစ ပထမ ၃လ) 
၁လ (ကိုယ်ဝန် ၁-၄ပတ်)
၂လ (ကိုယ်ဝန် ၅-၈ပတ်)
၃လ (ကိုယ်ဝန် ၉-၁၃ပတ်)

✔️2nd Trimester ( ကိုယ်ဝန် ၄လမှ ၆လ)
၄လ (ကိုယ်ဝန် ၁၄-၁၇ပတ်)
၅လ (ကိုယ်ဝန် ၁၈-၂၁ပတ်)
၆လ (ကိုယ်ဝန် ၂၂-၂၆ပတ်) 

✔️3rd Trimester (ကိုယ်ဝန် ၇လမှ ၉လ) 
၇လ (ကိုယ်ဝန် ၂၇-၃၀ပတ်)
၈လ (ကိုယ်ဝန် ၃၁-၃၅ပတ်)
၉လ (ကိုယ်ဝန် ၃၆-၄၀ပတ်) 
အထိဆိုပြီးသတ်မှတ်ထားပါတယ်။ 

•••••••••••••••••••••••••

Credit: မေမေမြဘုန်းဆင့်
Credit: #ခေတ်သစ်မေမေ
#ကိုယ်ဝန်ဆောင်
#pregnancy
#supplementleavesonlinestore