၁ ပေါင်ပဲ ရှိတဲ့ ကလေးလေး ကိုအသက်ရအောင် ကယ်ခဲ့တဲ့ မေမေနဲ့ဖေဖေ

၁ ပေါင်ပဲ ရှိတဲ့ ကလေးလေး ကိုအသက်ရအောင် ကယ်ခဲ့တဲ့ မေမေနဲ့ဖေဖေ


အသက် ၂၇ အရွယ် ကိုယ်ဝန်ဆောင်မေမေ Lauren Ormston's ဟာ ၆ လနဲ့ ကလေးတစ်ယာက် မွေးခဲ့ပါတယ်။
ဒီကလေးဟာ ၁.၁၇ ပေါင် (၅၃၅ဂရမ်) ပဲအလေးချိန်ရှိပါတယ်။ဒါကြောင့် သူဟာ ကလေးကို မွေးမွေးခြင်း ၆ မိနစ်ပဲ ပွေ့ဖက်ခွင့်ရခဲ့ပါတယ်။


၇ မိနစ် လောက်မှာတော့ မွေးကင်းစ ကလေးငယ် မသန်စွမ်း
စိန့်ပီတာ ဆေးရုံကို လွဲပြောင်းခဲ့ရပါတယ်။ ဆရာဝန်တွေက အမြဲမပြတ်ကလေးကို အောက်က ပုံအတိုင်း အကူကိရိယာတွေနဲ့ ထားပြီး စောင့်ကြည့်ခဲ့ကြရပါတယ်။


ကလေးဟာ ရက်ပေါင်း ၁၃၀ ကြာတဲ့အခါမှာတော့ 
မိခင်က သူ့သမီးငယ် လေးကို နေ့တိုင်းလာတွေ့ဖြစ်ကြောင်းပြောပါတယ်။ သူတို့ဟာ ကလေးလာကြည့်ခ တစ်ခါလာလျှင် ပေါင် ၃၀ ကုန်ကြပါတယ်။မိမိတို့ အိမ်နှင့် မိနစ် ၈၀ ကျော် ကားမောင်း ရတဲ့ ဆေးရုံဖြစ်ပါတယ်။


ဒီလိုနဲ့ ၁ နှစ်ခန့်အကြာအထိ မိခင် က ကလေးကို ဆေးရုံလာကြည့်လိုက် ဖခင်က အလုပ်တွေ ညမအားလုပ် ငွေစုလိုက်နှင့် ကုန်ကြငွေတွေများပြားကာ ဆေးရုံက ဆင်းခဲ့ရပါတယ်။


မိခင်ကတော့ ကျွန်မတို့ရဲ့ ဆေးရုံပေးချေစရိတ်ကို ၁၂ ပတ်အထိ အရစ်ကျပေးချေခွင့်ရှိတယ်လို့ပြောပါတယ်။ကျွန်မကတော့ အလုပ်တွေ လင်မယား ၂ ယောက် ပြန်လုပ်နေပါတယ်။ အိမ် နဲ့ ကားကိုတော့ ပေါင်ထားရပါတယ်လို့ဆိုခဲ့ပါတယ်။


အခုတာတော့ ကလေးငယ်နဲ့ မိသားစုတွေဟာ ပြန်လည်အဆင်ပြေလာပြီး ပျော်ပျော်ရွှင်ရွှင် ဘဝကို ဖြတ်သန်းနေကြပါပြီ။