လအလိုက် ကလေးငယ်တို့ရဲ့ အပြုအမူများ

လအလိုက် ကလေးငယ်တို့ရဲ့ အပြုအမူများ


၁လသားကလေး
........


၁ လသားကလေးကတော့ ၁၁ပေါင် (၁၀.၅) အောင်စ အလေးချိန်ရှိနေလောက်ပြီး ၂၁.၅ လက်မလောက်အထိ အရပ်ရှိလာပါမယ်။ ပြတင်းပေါက်ကမြင်ရတဲ့ ကြယ်လေးတွေ မျက်နှာကြက် သို့မဟုတ် ခြင်ထောင်က ပန်းလေးတွေကို ကြိုက်ပါတယ်။ဝက်ပေါက်လေးလို မျက်နှာပေါက်ဆိုးပြီး မျက်လုံးခြင်းဆက်သွယ်ပါပြီ။စိတ်ဝင်စားတဲ့ ဝါသနာကတော့ အစာစားခြင်းပါပဲ။

၂လသားကလေး
........


၂လသားကလေး ကတော့ ၁၄ ပေါင် ၄.၅အောင်စရှိနေပါမယ်။အရပ်ကတော့ ၂၃ လက်မအထိ ရှည်လာပါပြီ။သူနေထိုင်တဲ့ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါတယ်။လိုးခိုးခ်ခ် ရယ်သံလေးတွေ လုပ်နေတတ်ပါပြီ။သူ မြတ်နိုးတွယ်တာ စိတ်ဝင်စားစရာကတော့ အမွှေးပွပွ လေးတွေပါပဲ။

၃လသားအရွယ်ကလေး
............


၃လသားကတော့ ၁၅ ပေါင် ၁.၀အောင်စရှိနေပါပြီ။၂၄လက်မခန့် အရပ်ရှိနေပါပြီ။ပြုံးတုံးတုံးလုပ်တတ်ပြီး သွားရည်တွေတမြှားမြှား ကျနေတတ်ပါတယ်။ကိုယ့်အားးကိုယ်ကိုးဖို့ ကြိုးစားနေပါပြီ။ဒီအချိန်သူအတက်ကြွဆုံး သူအပျော်ဆုံးအချိန်ကတော့ ရေချိုးတဲ့ အချိန်ပါပဲ။

၄လသားအရွယ်ကလေး
........ ...


၄လအရွယ်ကလေးကတော့ ၁၆ ပေါင် ၈.၅ အောင်စအထိ ကိုယ်အလေးချိန် ရှိနေပါပြီ။အရပ်ကတော့ ၂၅.၂၅ လက်မအထိရှည်လာပါပြီ။အောက်မေးလှုပ်တတ်လာပြီး ဝူးဝူးဝါးဝါး ဆိုတဲ့ အသံကတော့ သူ့ရဲ့ အောင်မြင်တဲ့ မိန့်ခွန်း အသံပဲ ဖြသ်ပါတယ်။သူ့ရဲ့ ခြေချောင်းလေးတွေ သူ့ရဲ့လက်ချောင်းလေးတွေကို သူအောင်မြင်စွာ ရှာဖွေတွေ့ရှိနေပါပြီ။ ဆင်အဖြစ်သရုပ်ဆောင်လုပ်ပြခြင်း ဆင်စီးသလိုလုပ်ခြင်းကို သူအရမ်းဝါသနာပါတတဲအချိန်ပါ။

၅လသားအရွယ်ကလေး
...........



၆လသားအရွယ်ကလေး
..........


၆လကလေးကတော့ ၁၉ပေါင် ၆.၀ အောင်စ အလေးချိန်ဖြစ်ပါပြီ။၂၆.၂၅လက်မ အရပ်အတိုင်းအတာ ဖြစ်လာပါပြီ။ဘူး ဘူး နဲ့ မှုတ်တဲ့ နေရာမှာ ဆရာကြီးပါ။ဘာမှန်းညာမှန်းမသိတဲ့အရာတွေကို ဘာလာလာ ပါးစပ်ထဲ ထိုးထည့်နေပါပြီ။သူအချစ်ဆုံး ခင်တွယ်ရာကတော့ မိခင်ပါပဲ။

၇လသားအရွယ်
.........


၇လသားအရွယ်ကလေးကတော့ ၂၀ပေါင် ၀.၁ အောင်စအထိ အလေးချိန် ရှိလာပါပြီ။အရပ်အမြင့်ကတော့ ၂၇လက်မအထိရှိလာနေပါပြီ။ တွေ့သမျှအစာကို ပါးစပ်ထဲထိုးထည့်မှာပါ။စနစ်ကျကျလူးလွန့်တာမျိုးကို လုပ်တတ်ပါပြီ။ကြိုးစားပြီးရပ်တယ်။ပြန်လဲကျတယ်။ပြန်ရပ်မယ်။ပြန်လဲကျမယ် အာ့လို ဖြစ်နေပါလိမ်ံမယ်။သူ့အကြိုက်ဆုံးသီချင်းကတော့ ဘူး..ဘူး...ဘား..ဘူး...ဝူး..ဝူး..ဝါး...ဝါး...ပါ။

၈လသားအရွယ်ကလေး
...........


၈လသားအရွယ်ကလေးကတော့ ၂၀.၅ပေါင် ၀.၀ အောင်စ အလေးချိန်ဖြစ်လာပြီး အရပ်အမြင့် ကတော့ ၂၈.၀ လက်မရှည်လျားလာပါပြိ။ဟိုလှုပ်ဒီလှုပ် ပေါက်ကရတွေ လှုပ်တတ်ပါတယ်။ရှေ့သွား ၂ ချောင်းလေးနဲ့ ကိုက်ချင်ခဲချင်လာပါပြီ။ပုစွန်တုတ်ကွေးလေးလို ဝတ်တတ်လာပြီး အဝတ်အစားလေးတွေကို ချစ်တတ်လာပါပြီ။သူ့အကြိုက်ဆုံး ပုံစံ စွန့်စားခန်းကတော့ တွားတွား ရတာကိုပါပဲ။

၉လသားအရွယ်ကလေး
...........


၉လသားအရွယ် ကလေးကတော့ ၂၁ ပေါင် ၀.၀၁ အောင်စ အလေးချိန် ဖြစ်လာပြီး အရပ်အမြင့်က ၂၈.၅ လက်မရှည်လျှား လာပါပြီ။အိမ်ကိုလာတဲ့ ဧည့်သည်တွေကို ပြုံးစစနဲ့ ဧည့်ခံတတ်လာပါပြီ။သူ အနေချင်ဆုံးပုံစံကတော့ ငြိမ်ငြိမ်လေး ထိုင်နေရတာကိုပါပဲ။

၁၀လသားအရွယ်
..........


၁၀လသားအရွယ် ကလေးကတော့ ၂၁ ပေါင် ၄ အောင်စ အလေးချိန်လောက့ရှိနေတော့မှာပါ။အရပ်အမြင့်ကတော့ ၂၈.၇၅ လက်မလောက်ရှိနေပါလိမ့််မယ်။စာအုပ်တွေကို ဟိုလှန်ဒီလှန် လုပ်တတ်ပါပြီ။ဖေဖမေမေ နွားနို့ ရွှေဝါ စသည်ဖြင့် သင်လို့ရတဲ့အနေအထားမှာပါ။သူမကြည်လင်တာကတော့ သူသွားချင်တဲ့နေရာကို သူရောက်အောင်မသွားနိုင်သေးတာပါ။

၁၁လအရွယ်ကလေးငယ်
.................


လက်ခုတ်ကလေး တီးတတ်နေပြီး အလေးချိန်ကတော့ ၂၁ ပေါင်၅.၀ အောင်စ ရှိနေပါပြီ။အရပ်အမြင့်ကတော့ ပုံမှန်အားဖြင့် ၂၉ လက်မ ရှည်လျားပါပြီ။အလင်းရောင်လေးကို စိတ်ဝင်စားလာပြီး ပြေးတတ်ပုန်းတတ် ပြေးတာပုန်းတာကို သဘောကျပါတယ်။နောက်သွားလေးတွေလဲ မစို့တစို့ပေါက်လာပါပြီ။ကြောင် ရွှေဝါ တို့ရဲ့အမြီးကို လ်ုက်ဆွဲရတာကို သူ အရမ်းသဘောကျတဲ့အချိန်ပါ။

၁၂လအရွယ် ကလေး
.............