ဆရာဝန်တွေ အံ့သြခဲ့ကြရတဲ့ တစ်နှစ်အရွယ် ကလေးကိုယ်၀န်ဆောင်

ဆရာဝန်တွေ အံ့သြခဲ့ကြရတဲ့ တစ်နှစ်အရွယ် ကလေးကိုယ်၀န်ဆောင်



ဆရာဝန်တွေ အံ့သြခဲ့ကြရတဲ့ တစ်နှစ်အရွယ် ကလေးကိုယ်၀န်ဆောင်



မနေ့က ရုပ်မြင်သံကြားထဲမှာ တရုတ်နိုင်ငံက တစ်နှစ်အရွယ် မိန်းခလေးဟာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကြည့်လိုက်ရတယ်။ ဒါနဲ့ဘဲ အင်တာနက်ပေါ်မှာ တက်ပြီး ရှာဖွေကြည့်တော့ တွေ့လို့ ဖော်ပြလိုက်ပါတယ်။ Mengru Kang ဆိုတဲ့ တစ်နှစ်အရွယ် ကောင်မလေးက အမြွှာပူး ယောက်ျားလေးနှစ်ယောက်ကို ကိုယ်ဝန်လွယ်ထားတယ်လို့ သိရပါတယ်။ တစ်နှစ်သမီးလေးက ကိုယ်ဝန်လွယ်ထားတယ်ဆိုတဲ့ အကြောင်းကို သိလိုက်ရတဲ့အချိန်မှာတော့ တရုတ်နိုင်ငံက ဆေးဖက်ဆိုင်ရာ လောက မှာတော့ တော်တော်အ့ံသြတုန်လုပ်သွားကြပါတယ်။


Mengru Kang ရဲ့ဗိုက်ဟာ ဘာဖြစ်မှန်းမသိ တဖြည်းဖြည်းကြီးလာတော့ ဆေးရုံခေါ်သွားပြီး ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာတော့ ဆရာဝန်က ထူးဆန်းစွာနဲ့ သူမကိုယ်ဝန်ရှိတယ် ဆိုတာ သိလိုက်ရပါတယ်။ လွယ်ထားရဲ့ကိုယ်ဝန်ကလည်း ယောက်ျားလေး အမြွှာပူး ဖြစ်နေပါတယ်။ ဆရာဝန်ကတော့ သူမကို ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ နောက်ထပ် မျိုးအောင်လာတဲ့ သူ့မိဘနှစ်ပါးရဲ့ သနေ္ဓသားဟာ သူမရဲ့ဝမ်းထဲဝင်ပြီး ကြီးလာတာဖြစ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ ဒါဟာ အလွန့်အလွန်ဖြစ်ခဲတဲ့ဖြစ်ရပ်ပါ လူအယောက် ၅သိန်းမှာ တစ်ယောက်တောင် ဖြစ်ခဲတဲ့ဖြစ်ရပ်ဖြစ်တယ်။ မွေးဖွားမဲ့ အချိန်ကြရင်တော့ နာကျင်စွာနဲ့ ခွဲမွေးရပါလိမ့်မယ်လို့ ဆက်လက်ပြောကြားသွားပါတယ်။ 


 
ဒါထက်ပိုပြီး သူမဝမ်းဗိုက်ဟာ ပိုပြီးကြီးလာမှာဖြစ်ပါတယ်။ အကြောင်းကတော့ ဝမ်းဗိုက်ထဲက သနေ္ဓသားက ဆက်လက်ကြီးထွားနေလို့ပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမဟာ အောင်မြင်စွာ မွေးဖွားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြသလို အခုဆိုရင် သူမကလဲ ဝမ်းထဲက သူ့မရဲ့ အမွှာမောင်လေးနှစ်ယောက်ကို ခွဲမွေးဖို့အတွက် စောင့်နေကြတယ်လို့သိရပါတယ်။