နေ့နာမ်အလိုက် ကလေးအမေဖြစ်ကြသောအခါ

နေ့နာမ်အလိုက် ကလေးအမေဖြစ်ကြသောအခါ



တနင်္ဂနွေ  -  ကလေးရော ကလေးအဖေကိုပါ လိုက်ထိန်းရ။  အလှမပြင်နိုင် စပန့်ဂါဝန် တလွှားလွှားနဲ့ ။ အပျိုတုန်းက အသံထွက်ရမှာရှက်သလောက် ကလေးတခုခုဖြစ်ခါနီး အာဗြဲနေအောင် အော်ငေါက်တတ်လာ။ စနိုးဝိုက်အမေ evil queen လိုဖြစ်လာ။ 



တနင်္လာ - သူ ကိုယ်တိုင် ကလေးပြန်ဖြစ်။ ကလေးနဲ့အတူအိပ် ကလေးနဲ့အတူ လိုက်ဆော့  ကလေးမုန့်တွေယူစား။ ယောက်ျားကိုပါ ကလေးနဲ့ အတူ လိုက်စိတ်ကောက်။ ကလေးက သူ့ကို ပြန်ချော့နေရ။ 



အင်္ဂါ - ကိုယ့်ကလေးကိုယ် ထိုင်ကြည့်ပြီး အသဲတွေယား။ အိပ်နေရင် တစိမ့်စိမ့်ကြည့်မဝ ။ နိုးလာရင် မျောက်ထိန်းသလို လိုက်ထိန်းရပြီ။ ခုနက တစိမ့်စိမ့်ချစ်တာတွေဘယ်ရောက်ကုန်မှန်းမသိ။ 



ဗုဒ္ဓဟူး -  တခါတလေ ကိုယ့်ကလေးကိုယ် တုန်နေအောင်ချစ် အတူတူ လျှောက်လည်ကြ တခါတလေ သူများကိုပေးချင်စိတ်ပေါက် အမှိုက်ပုံမှာ သွားပစ်ထားပြီး ကိုယ့်ဘာသာအိပ်ရေးဝအောင် အိပ်ချင်။


ရာဟု - ကလေးလုပ်ချင်တာလုပ် မငိုရင် ရပြီ။ ငိုရင် ကိုယ်ပါ လိုက်ငို ။ ကလေး က အမေကို စိတ်ညစ်အောင်မလုပ်ခင် ကလေးကို အရင် စိတ်ညစ်အောင်လုပ်။



ကြာသပတေး  - ကလေးအမေ တွေထဲမှာ သဲသဲလှုပ် ။ ယောက်ျားကို လွှင့်ပစ် ကလေးနဲ့ အမိုက်စားဆင်တူဝတ်ပြီးဂေါ ်မယ်။ ကလေးအတွက် ကလေးအတွက် နဲ့ တကယ်တော့ မုန့်တွေ သူပါယူစားနေတတ်။ 



သောကြာ - ကလေးအမေလို့ အထင်မခံရ။ ကလေးအမ လိုလိုအဒေါ ်လိုလိုနဲ့  ယောက်ျားကသာအဘိုးကြီးရုပ်ပေါက်လာ။ ကိုယ်က  ပန်းနုသွေးပဲ။



စနေ  - ကလေးမွေးရမယ့်အစား ရေမရှိတဲ့ချောင်းနှာခေါင်းဖော်thay မယ် ဆုံးဖြတ်ထားပေမယ့် ရလာတော့လဲ ချစ်ရတာ တုန်နေကော။ တခါတလေ ကိုယ်ပါ ကလေးစိတ်ပေါက်သွားသေးတယ်။