ဂေဟာမှာရောက်ရှိနေတဲ့သမီးလေးကို တွေ့ခွင့်တောင်းခံတဲ့ မိခင်ရင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ

ဂေဟာမှာရောက်ရှိနေတဲ့သမီးလေးကို တွေ့ခွင့်တောင်းခံတဲ့ မိခင်ရင်းရဲ့ ဆန္ဒကို ဖြည့်ဆည်း ကူညီပေးခဲ့တဲ့ ခိုင်နှင်းဝေ




 ပရိတ်သတ်တို့ရေ မင်းသမီးချောခိုင်နှင်းဝေကတော့ စိတ်ထာယကောင်းပြီး ကြင်နာတတ်တဲ့အပြင် အများအကျိုးကိုလည်း ဖြည့်ဆည်း ကူညီပေးတတ်သူတစ်ယောက်ပါ။



မိဘမဲ့ ဂေဟာကိုလည်း ဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပြီး ကလေးတွေများစွာ ကို စောင့်ရှောက်ပေးထားတဲ့ ခိုင်နှင်းဝေဟာ ဒီဂနေ့မှာလည်း သူ့ရဲ့ဂေဟာကို ရောက်ရှိနေတဲ့ ကလေးတစ်ယောက်နှင့်ပတ်သက်ပြီး မိဘရင်းတွေရဲ့ ဆန္ဒကိုဖြည်းဆည်းပေးခဲ့ကြောင်း အခုလိုပြောကြားခဲ့ပါတယ်။




ခိုင်နှင်းဝေက

"ကျွန်မဆီရောက်လာတာ ၃ လပြည့်သွားပြီဖြစ်တဲ့ သူ့သမီးလေးကို တစ်ခါလောက်တွေ့ခွင့်တောင်းတဲ့အတွက် တွေ့ခွင့်ပေးပါတယ်။မိခင်အတွက် လိုအပ်တဲ့ ငွေကြေး ကူညီပြီး ပွေးဖက်ခွင့်လေး ပေးလိုက်တဲ့အတွက် ပီတိတစ်မျိုးလေးကို ခံစားရပါတယ်ရှင်" ဆိုပြီး အခြေအနေအကြောင်းအမျိုးမျိုးကြောင့် ကလေးကို ထားရစ်ခဲ့ရတဲ့ မိခင်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာပဲ ဖြစ်ပါတယ်။




ခိုင်နှငိးဝေကတော့ တကယ့်ကို အဆင်းရော အချင်းရော ပြည့်စုံတဲ့ မင်းသမီးတစ်ယောက် ဖြစ်ပါတယ်။