အောင်လ နှင့် ကွာရှင်းပြီးမှ ဝိုင်းစုခိုင်သိန်း မှာ ကလေး ရှိနေ

အောင်လ နှင့် ကွာရှင်းပြီးမှ ဝိုင်းစုခိုင်သိန်း မှာ ကလေး ရှိနေ

 


"မိုးလင်းတာနဲ့သောက်တယ်။မူးတယ်။တစ်ခါတစ်လေ တုတ်နဲ့ လိုက် ရိုက် တာတွေရှိတာတောင် သူမူးနေတာပဲဆိုပြီး သည်းခံခဲ့တယ်။ နားလည်ပေးခဲ့တယ်။နားလည်မပေးနိုင်တာ တစ်ခုက သစ္စာဖောက်တာပဲ။


ဘေးနားမှာငုတ်တုတ်ကြီးရှိနေရဲ့နဲ့ သစ္စာဖောက်တာတော့ လက်မခံနိုင်ဘူး။ သူမရှာနိုင်ရင်တောင်ရှာကျွေးမယ်။ဝိုင်းစု သူဖောက်ပြန်တာနဲ့ပတ်သက်ပြီးထုတ်ပြောလိုက်ရင် တစ်ဖက်လူရဲ့ ယောကျာ်းနဲ့ကလေးကိုထိခိုက်မှာစိုးလို့မပြောဘူး" လို့ ဝိုင်းစုခိုင်သိန်းက ဆိုပါတယ်။


ထပ်ပြီးတော့...

‘ကိုယ်ချစ်တဲ့ ယောက်ျား ဒုက္ခရောက်ခဲ့လို့ လွန်ခဲ့တဲ့ တစ်ပတ်အထိ အကုန် ကူညီပေးခဲ့တယ်။ သူ့မိဘတွေကိုလည်း တာဝန်ယူပေးခဲ့တယ်။ ဒါပေမယ့် ၁၂/ လင်မရှိ မနေနိုင်လို့ တိုက်ခိုက်ခံရတယ်။ ဒီခေတ်ကြီးမှာ တစ်နေ့ တစ်ယောက် တွဲနေကြတဲ့ သူတွေ အများကြီးပဲ လို့လဲ ပြောပါတယ်။

လတ်တလော ထွက်ရှိထားတဲ့ အောင်လ၏ ဥပေက္ခါ သီချင်းကလည်း လူအများက ဝိုင်းစုအား ရည်ရွယ်၍ ဆိုထားသည်ဟု ပြောကြသည်။သိူ့သော် ဝိုင်းစု က "သီချင်းစာသားတွေကတော့ သူမအတွက် ရည်ရွယ်တာမဟုတ်ပါဘူး။ MTV ကတော့ သူမအတွက် ရယ်စရာပါပဲ။ ပြောင်းပြန် ဖြစ်နေတယ်" ဟု ဆိုထားပြန်ပါတယ်။

ဒီနောက်ပိုင်း ဝိုင်းစုမှာ ကိုယ်ဝန်ရှိနေတယ်လို့လဲ သတင်းတွေ ထွက်ရှိနေပါတယ်။ ဒီကောလ ဟာသနှင့်ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက ရှင်းလင်းထားခြင်းမရှိသေးပါဘူး။