"လွန်ခဲ့တဲ့ နှစ်ပေါင်း (၃ဝ)က အေးခဲထားတဲ့ သန္ဓေသားလောင်းတွေကို ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေးရသွားတဲ့ ဇနီးမောင်နှံ" (ထူးခြားသုတဆောင်းပါး)

"လွန်ခဲ့တဲ့ နှစ်ပေါင်း (၃ဝ)က အေးခဲထားတဲ့ သန္ဓေသားလောင်းတွေကို ကိုယ်ဝန်ဆောင်ပြီး အမြွှာကလေးရသွားတဲ့ ဇနီးမောင်နှံ" (ထူးခြားသုတဆောင်းပါး)


ပိုးနဲ့ မမျိုးဥ ပေါင်းစပ်ရာက ဖြစ်တည်လာတဲ့သန္ဓေသားလောင်းတွေဆိုတော့ ဒီအမြွှာလေးတွေဟာ ဖိလစ်ရစ်ဂျ်ဝေး
(Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) ဆိုတဲ့လက်ရှိမိဘတွေနဲ့ ဘာသွေးသားမှ မတော်စပ်ဘူးပေါ့။ ရေချယ်လ်ရစ်ဂျ်ဝေးက သူတို့ကို ဝမ်းနဲ့လွယ်ပြီး မွေးလိုက်တာပဲ ရှိတာပါ။ တကယ်တမ်းတော့ ဒါဟာ သူတပါးရဲ့ ကလေးကို ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးစားလိုက်တဲ့သဘောပါပဲ။ သွေးသားအရသာ မတော်စပ်ပေမယ့် ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) ကဒီကလေးလေးနှစ်ယောက်ကို တုန်နေအောင် ချစ်ပါတယ်။ သူတို့မှာ ကလေးတွေ ရှိပြီးသားဆိုပေမယ့် ကလေး ထပ်လိုချင်လို့ဆိုပြီး ဒီနည်းနဲ့ ကလေး ထပ်ယူလိုက်တာပါတဲ့။ ဒီလိုအေးခဲထားတဲ့ သန္ဓေသားလောင်းတွေ အများကြီးရှိပြီး
ဘယ်သန္ဓေသားလောင်းရဲ့ မိဘရင်းချာကဖြင့် ဘာလူမျိုး၊ အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန် ဘယ်လောက်၊ ကျန်းမာရေးက ဘယ်လို၊ ပညာရေးအဆင့်အတန်းက ဘယ်လောက်၊ အလုပ်အကိုင်ကဘာ၊ ဘာရုပ်ရှင်တွေ၊ ဘာသီချင်းတွေ ကြိုက်တယ် စတဲ့အချက်တွေကို database ထဲမှာ ကြည့်လို့ရပါတယ်။ ဒါမှမဟုတ် အဲဒီမိဘရင်းချာရဲ့ဓာတ်ပုံရှိရင်လည်း ကြည့်လို့ရပါသတဲ့။




ဖိလစ်ရစ်ဂျ်ဝေး (Philip Ridgeway) နဲ့ ရေချယ်လ်ရစ်ဂျ်ဝေး (Rachel Ridgeway) တုန်းကလည်း ဒီသန္ဓေသားလောင်းလေးတွေကို မရွေးလိုက်ခင်တုန်းက အဲဒီအချက် အလက်တွေကြည့်ခွင့်ရခဲ့ပါတယ်။ အဲဒီထဲကမှ ကိုယ် ကြိုက်တဲ့ သန္ဓေသားလောင်းကိုရွေးရတာပါ။