သမီးမိန်းကလေး လိုချင်တဲ့ ဖေဖေ နှင့် မေမေတို့အတွက်

သမီးမိန်းကလေး လိုချင်တဲ့ ဖေဖေ နှင့် မေမေတို့အတွက်

 


သမီးလေးလိုချင်ရင် ဖေဖေစားရန်....
လက်ဖက်ရည် ၊ နွားနို့ ၊ ပဲနို့ ၊ဒိန်ချဥ်
အသိးအရွက် ၊ မုန်လာရွက် ၊ဟင်းနုနွယ်ရွက်
ကဗဗှလာသီး ၊ ဂေါ်ဖီထုပ် ၊ သလဲသီး
ပန်းဂေါ်ဖီစိမ်း ၊ မှို ၊ ကြက်ဥအနှစ်
လိမ္မော်ရည် ၊ တိုဟူး တို့စားပေးရပါမယ်။

မေမေစားဖို့အတွက်ကတော့...
ခရမ်းချဉ်သီး၊လိမ္မော်သီး၊နာနတ်သီး
စပျစ်သီး၊စတော်ဘယ်ရီ ၊သံပုရာ /ရှောက်သီး
ကဗဗှလာသီး၊ပြောင်းဖူး ၊ချောကလပ်
ကြက်ဥအကာ ၊ဂျုံ၊ဒိန်ချဥ် ၊နွားနို့/ပဲနို့
အသားငါးတို့ဖြစ်ပါတယ်။
၄င်းတို့ကို တနေ့တမျိုးမရိုးအောင်စားခြင်းဖြင့် သမီးလေးရဖို့ များစေပါသည်။


နောက်ပြီးတော့...

မျိုးဥကြွေမယ့်ရက်မတိုင်ခင် 3 ရက်လောက်မှာ အမျိုးသားနဲ့နေပြီး နောက်ရက်တွေနားထားရမယ်လို့ ယူဆနိုင်ပါတယ်။

အဲ့လိုနားထားလိုက်ရင် ရောယှက်နေတဲ့ X နဲ့ Y သုတ်ပိုးတွေထဲမှာသက်တမ်းတိုတဲ့ Y သုတ်ပိုးတွေသေသွားမယ်။

တကယ် မျိုးဥကြွေတဲ့ရက်မှာ X တွေဘဲအများကြီးကျန်တော့မှာဆိုတော့ မီးမီးလေးရဖို့ ပိုအခွင့်အရေးများတာပေါ့။

ဒေါက်တာ shettles ကတော့ ဓမ္မတာလာပြီးကတည်းက နေ့တိုင်းအတူနေပါ။

မျိုးဥကြွေမယ့်ရက်မတိုင် 3 ရက်လောက်မှာမှ ရပ်လိုက်ပါလို့ အကြံပေးပါတယ်။

တစ်ခုသတိပြုစရာက သန္ဓေအောင်ဖို့ဆိုတာ မျိုးဥကြွေတဲ့ရက်နဲ့အနီးဆုံး အတူနေမှ အောင်ခြေများတာပါဘဲ။

အခုက သုံးရက်လောက် ခြားမယ်ဆိုတော့ ကလေးရနိုင်ခြေနည်းတတ်တယ်။
အဲ့တော့ ကလေးရဖို့ခက်သူတွေနဲ့မသင့်တော်နိုင်ဘူး။


နံပါတ် 2 အချက် X သုတ်ပိုးတွေဟာ ဖြည်းဖြည်းဘဲသွားနိုင်တယ် သို့သော် သက်တမ်းရှည်တယ်ဆိုတဲ့အတွက် အမျိုးသားနဲ့ အတူနေတဲ့အခါ နေပုံနေနည်းကို သတိထားရပါမယ်။

အထူးသဖြင့် သုတ်လွှတ်တဲ့အခါ မိန်းမကိုယ် ဟိုးအတွင်းထဲမှာလွှတ်တယ်ဆိုရင် Y သုတ်ပိုးတွေဟာ မြန်တဲ့အတွက် သားအိမ်ခေါင်းကနေမျိုးဥဆီတန်းရောက်သွားနိုင်ပါတယ်။

မိန်းမကိုယ်အစပိုင်းနားမှာသာ လွှတ်တယ်ဆိုရင်တော့ သူတို့ဟာ မျိုးဥဆီကူးခတ်ဖို့ မိန်းမကိုယ်တစ်လျှောက်လုံးကို ဖြတ်သန်းသွားရတော့မယ်။

အဲ့အချိန် မိန်းမကိုယ်တွင်းရှိတဲ့ အက်ဆစ်ဓါတ်ကြောင့်သူတို့ရဲ့ကူးခတ်မှုဟာ မအောင်မြင်ဘဲ သေသွားတတ်ကြတယ်။

သို့သော် X သုတ်ပိုးတွေကတော့ သက်တမ်းရှည်တယ် အက်ဆစ်ဓါတ်ကိုလည်း ကြိုက်လို့ မမျိုးဥဆီရောက်တဲ့အထိ ဖြေးဖြေးမှန်မှန်ကူးခတ်သွားနိုင်ပါတယ်။

နံပါတ် 3 အချက်ကတော့ X သုတ်ပိုးတွေဟာ အက်ဆစ်ဓါတ်ကို သဘောကျတယ်။

အဲ့တော့မိန်းမကိုယ်မှာအက်ဆစ်ဓါတ်များအောင်လုပ်ပေးထားရင်လည်း မီးမီးလေးရနိုင်ခြေများတယ်လို့ ယူဆနိုင်ပါတယ်။

အဲ့လို အက်ဆစ်ဓါတ်များအောင်လုပ်ဖို့ကတော့ နည်းလမ်းတွေအများကြီးရှိပေမယ့် အစားအစာနဲ့ဘဲဖန်တီးတာပိုကောင်းတယ်။